iPhone 5S မှာ အသစ်ပါလာမယ့် Patent တစ်ခုလို့ ဆိုပါတယ်။ ဘယ်ဖုန်းက မှ
မစဉ်းစားသေးတဲ့ နည်းပညာပါ။ လက်ဗွေစနစ် - Fingerprint scanner ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဖုန်း လုံခြုံရေးစနစ်အတွက် လက်ဗွေ နဲ့ ပိတ်တာမျိုး၊ ကုမ္မဏီ၊
ရုံးတွေမှာ အဝင်အထွက်အတွက် အသုံးပြုတာမျိုးကို အခြားစက်ပစ္စည်းများ တကူးတက
ဝယ်နေစရာ မလိုတော့ပါဘူး။ နောက်ပိုင်း ယင်း Finerprint Scanner နဲ့ Online
banking စနစ်တွေမှာတောင် အသုံးပြုလို့ ရအောင် ဖန်တီးတယ်လို့
ခန့်မှန်းနေကြပါတယ်။
လက်တလော သိထားတဲ့ Fingerprint Scanner ကတော့
iPhone Security အတွက်သာ ဖြစ်ပါတယ်။ Feature စုံစုံလင်လင်နဲ့ iPhone 5S ကို
စက်တင်ဘာလမှာ မြင်တွေ့နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal
No comments:
Post a Comment