iPhone 5C လို့အမည်ပေးထားပါတယ်။ ထွက်ရှိလာမယ့် ဈေးသက်သာ iPhone လို့
ဆိုပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ပြင်သစ် အခြေဆိုက် Nowhereelse.fr အမည်ရ
Gadget မှ စဖွတဲ့ သတင်း ဖြစ်ပါတယ်။
iPhone 5C ရဲ့  ဘူးခွံဖြစ်ပါတယ်ဆိုပြီး ပုံကို ယခုလိုဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ လို့ ဆိုပါတယ်။ Apple ကိုယ်တိုင်တောင် အတည်မပြုသေးတဲ့
ပလပ်စတစ်ကာဗာနဲ့ ဈေးသက်သာအိုင်ဖုန်း ကို တရုတ်ပြည်မှာ စထုတ်နေပြီလို့
နာမည်ကြီး အိုင်တီမီဒီယာအချို့ ကျ စဖွခဲ့တာ ဖြစ်ပါတယ်။ ယင်းအပေါ် Apple
ကလည်း မဟုတ်ရင် ချက်ချင်းပြန်လည် တုံ့ပြန်သင့်ပါတယ်။ မီဒီယာတို့ရဲ့ 
မေးမြန်းထားချက်ကို Apple တို့ ပြန်လည် မဖြေကြားသေးပါဘူး။ ဒါကြောင့်
ပလပ်စတစ် အခွံနဲ့ ဈေးသက်သာ အိုင်ဖုန်းဆိုတာ တကယ်ဖြစ်လာနိုင်တယ်လို့ တောင်
ယုံကြည်နေကြပါတယ်။
ဒီဇိုင်းကိုလည်း iPhone 5 နဲ့
တူညီအောင်ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ပစ္စည်းများက Cheap ဖြစ်ဖို့
ရည်ရွယ်ပေမယ့် Software ကျတော့ လက်ရှိ နောက်ဆုံးပေါ် i Device များနဲ့
တန်းတူပဲလို့ ဆိုပါတယ်။ သို့ပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ ဈေးသက်သာ
အိုင်ဖုန်းထွက်မထွက်ကို Apple က အတည်ပြုပေးနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)
TechSpace Journal
No comments:
Post a Comment