LGဟာ ယခုနှစ်ပိုင်း အတွင်း ပိုမို ပါးလွှာ ပေါ့ပါးတဲ့ Display နည်းပညာ
ဆိုင်ရာ ဖော်ထုတ် ချက်တွေကိုပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်နေ တာ တွေ့ရပြီး
ယခုလည်း ကမ္ဘာ့ အပါးလွှာဆုံး Full HD အရည်အသွေး ပြ သပေးနိုင်မယ့်
LCD အမျိုးအစား Smartphone Panelသစ် တစ်မျိုးကို မနေ့က မိတ်ဆက် ပြသခဲ့ပါတယ်။
အဆိုပါ Panel သစ်ဟာ ၅.၂ လက်မ အရှည်ရှိမှာ ဖြစ်ပြီးတော့ အထူမှာ ၂.၂ မီလီမီတာသာ ရှိမှာ ဖြစ်ပြီး လက်ရှိ ဖုန်းလောကမှာ အပါးလွှာဆုံး Panel ဖြစ်ကြောင်း LGက ပြောကြားခဲ့ပါတယ်။
LGရဲ့ ပြောကြားချက်များအရ Panelပေါ်မှာရှိတဲ့ လိုင်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကို လျော့ချထုတ်လုပ်ထားပြီး ကြည်လင်တောက်ပမှု အပိုင်း မှာလည်း ပိုမိုကောင်းမွန်အောင် ဖန်တီး ထားတယ်လို့ ဆိုပါတယ်။
LGဟာ ဈေးနှုန်း ထပ်မံလျော့ချပြီး ဈေးကွက် တင်နိုင်မယ့် Panelတွေကို ထပ်မံ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပြီး ဖုန်းနဲ့ Tabletဈေးကွက်တွေ အတွက် အဓိကထား ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ LGဟာ လက်ရှိမှာ Smartphoneနဲ့ Tabletတွေရဲ့ Displayပိုင်းဆိုင်ရာ နည်းပညာ တီထွင်နိုင်မှုတွေကြောင့် အောင်မြင်မှု များစွာ ရရှိလျက်ရှိပြီး ပြီးခဲ့တဲ့ လအတွင်း ကလည်း LGအနေနဲ့ ကွေးနိုင်ဆန့်နိုင်ပြီး မကျိုးပျက်နိုင်တဲ့ Smaerphoneသုံး Display Panelကို တီထွင် ထုတ်လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း ကြေညာခဲ့ပါသေးတယ်။ ဒါ့အပြင် Samsung, Nokiaနဲ့ Apple တို့ဟာလည်း ကွေးဆန့်နိုင်သော Smartphoneနဲ့ Tabletသုံး Screenများအား လွန်ခဲ့သော တစ်နှစ်ခန့် ကတည်းက စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
Myanmar ICT
No comments:
Post a Comment