Pages

11.7.13

နယ်သာလန်နိုင်ငံထွက် စူပါကား Vencer

လန်ဒန်မြို့ မှာ ပြသခဲ့တဲ့ ဒတ်ခ်ျကုမ္ပဏီ Vencer ထုတ် စူပါကား ဖြစ်ပါတယ်။ အမေရိကန် General Motors ထုတ် Chevrolet က အင်ဂျင်ကို ပဲ ပြန်သုံး တာပါ။ ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးြး ပုပြီး မြင်းကောင်ရေအား ၅၁၀ bhp ထုတ် လုပ်နိုင်ပါတယ်။ ဒီတော့ အမြန်ဆုံး top speed က တစ်နာရီ ၂၀၂ မိုင်ပါ။ အမြန်ပြေး ပြိုင်ကားများ စာရင်းမှာ ပါဝင်ပါတယ်။


အလေးချိန်အားဖြင့် ၃၀၆၄ ပေါင်ရှိပြီး လူ ၂ ယောက်စီးကားပါ။ ဂီယာ ၆ ချက်ထိုး အော်တိုနဲ့ ရိုးရိုး နှစ်မျိုးထုတ်ထားပါတယ်။ ကာဘွန်ဖိုက်ဘာ ဘော်ဒီ နဲ့ အလူမီယံရောစပ် ကားပစ္စည်းအစိတ်အပိုင်းများ ဖြစ်ပါတယ်။ ဒီတော့ ပေါ့ ပါးပြီး သန်မာတဲ့ကားပါတဲ့။ ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ အကောင်း ဆုံးတွေပြောထားပါတယ်။ အီတလီက Ferrari တို့လို နာမည်ကြီး ကားတွေကို ယှဉ်ပြိုင်ရမှာမို့ပါ။ ဈေးနှုန်းမကြေညာရသေးပါဘူး။ ၂၀၁၄ ခုနှစ် မှာ ဖြန့်ချိမယ့် ကား ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ရိုးရာလေး Automobile

No comments:

Post a Comment