ရုရှားနိုင်ငံ အနေဖြင့် ပြည်တွင်းထုတ် Antey-2500 အမျိုးအစား မြေပြင် မှ
ဝေဟင်ပစ် ဒုံးကျည်စနစ်များကို အီရန်နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ရေးနှင့်
ပတ်သက်၍အီရန်နိုင်ငံနှင့် မည်သည့် သဘော တူညီချက်မျှ ပြုလုပ် ထားခြင်း
မရှိခဲ့ကြောင်း ရုရှားနိုင်ငံ Rosoboro-nexport ကုမ္ပဏီ၏ ကာကွယ်ရေး
စစ်လက်နက် ပစ္စည်းများ ထုတ်လုပ ရောင်းချရေး အေ ဂျင်စီက သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ရုရှား နိုင်ငံထုတ် S-300 ဒုံးကျည် စနစ်များ အီရန်နိုင်ငံသို့ ထောက်ပံ့
ပေး အပ်ရေး ဆိုင်ရာ သဘော တူညီချက်ကို ဖျက်သိမ်းခဲ့မှုအား အစားထိုး သည့်
အနေဖြင့် Antey-2500 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ်များကို
အီရန်နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ရေးနှင့် ပတ်သက်၍ လတ်တလော ထွက်ပေါ်နေသည့်
သတင်းများမှာ အခြေ အမြစ် မရှိကြောင်း ၎င်းအေဂျင်စီ၏ အထွေထွေ
ညွှန်ကြားရေးမှူး Anatoly Isaikin က ထုတ်ဖော် ပြောကြားခဲ့သည်။
အီရန်နိုင်ငံက S-300 အမျိုးအစား ဒုံးကျည် စနစ်များ ထောက် ပံ့
ပေးအပ်ရေးအား ဖျက်သိမ်းခဲ့မှုနှင့် ပတ်သက်၍ ရုရှား နိုင်ငံအပေါ် တရား
စွဲဆိုထားကြောင်းနှင့် ရုရှားနှင့် အီရန် နိုင်ငံတို့သည် အဆိုပါ
သဘောတူညီချက် ဖျက်သိမ်းခဲ့မှုနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို
မည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက် ရမည်ကိုသာ ဆွေးနွေးလျက်ရှိကြောင်း Isaikin
က ထုတ်ဖော် ပြောကြား ခဲ့သည်။ S-300 အမျိုးအစား ဒုံးကျည်စနစ်များ
အီရန်နိုင်ငံသို့ လွှဲပြောင်း ပေးအပ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည့်
အတွက် Rosoboronexport ထံမှ လျော်ကြေးငွေ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ
ရရှိရေး အီရန်နိုင်ငံက ဂျီနီဗာ အခြေစိုက် နိုင်ငံတကာ တရားရုံးသို့ တရား
စွဲဆိုခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက
ဒုံးကျည်များ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ တင့်ကားများ၊
တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ အပါအဝင်
သမားရိုးကျ စစ်လက်နက် ပစ္စည်းများကို အီရန် နိုင်ငံသို့ လွှဲပြောင်း
ပေးအပ်မှုများနှင့် ပတ်သက်၍ အရေးယူ ပိတ်ဆို့မှု များချမှတ် ထားကြောင်း
သိရသည်။
မြ၀တီ
No comments:
Post a Comment