ရေနံထွက်ပစ္စည်း တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း၊
ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်
စွမ်းအင်ဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း စွမ်းအင်
ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ
အမိန့်တွင် ရေနံထွက် ပစ္စည်းကို ပြည်ပမှ မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်း
လိုသူများသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့
တင်သွင်းခွင့်လိုင်စင် လျှောက်ထားရမည် ဖြစ်ကြောင်း ဖော်ပြထားပြီး ရေနံထွက်
ပစ္စည်းများကို သတ်မှတ်ထားသည့် ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်တို့မှ
တင်သွင်းရာတွင် ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန် ဦးစီးဌာန၊
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာ
ဌာနများက သတ်မှတ်သော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်
ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။
ရေနံထွက်ပစ္စည်း သိုလှောင်သူသည်
သိုလှောင်မည့် မြေအောက်သိုလှောင်ကန်၊ မြေပေါ်သိုလှောင်ကန်နှင့်
သိုလှောင်ရုံများကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက်ပြီး
သတ္တုတွင်း ၀န်ကြီးဌာန၊ သတ္တုတွင်း ဦးစီးဌာန၏ သိုလှောင်ခွင့်လိုင်စင်
လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ ရေနံထွက် ပစ္စည်းများကို သယ်ယူရာတွင်
ယိုစိမ့်စီးထွက်မှု၊ မီးလောင်မှု၊ ပေါက်ကွဲမှုစသော မလိုလားအပ်သည့် ဖြစ်စဉ်များ
မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ရမည် ဖြစ်သည်။
ရေနံထွက်ပစ္စည်း
ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း
စွမ်းအင်ဝန်ကြီး ဌာနသို့ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် လျှောက်ထားရယူ
ရမည်ဖြစ်ကြောင်းနှင့် ရေနံထွက် ပစ္စည်းများကို မြန်မာနိုင်ငံ အတွင်းမှ
ဖြတ်သန်းသယ်ယူသူ မည်သူမဆို စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူရမည်
ဖြစ်ပြီး ဖြတ်သန်းသယ်ယူခကို နိုင်ငံတော်သို့ ပေးဆောင်ရမည်ဟုလည်း အဆိုပါ
အမိန့်တွင် ဖော်ပြထားသည်။
စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည့်
ယင်းအမိန့်ပါ သတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ဖောက်ဖျက်
ကျူးလွန်ခြင်းများ ရှိပါက အရေးကြီး ကုန်စည်နှင့် ၀န်ဆောင်မှု ဥပဒေအရ
အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
သီလ၀ါဆိပ်ကမ်း နယ်မြေရှိ ပုဂ္ဂလိက စက်သုံးဆီ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
No comments:
Post a Comment