''ဒီနှစ်မှာတော့ ဟိုတယ်တွေကို ကြယ်ပွင့်အဆင့် သတ်မှတ်ဖို့အတွက် မလုပ်ဆောင် နိုင်သေးပါဘူး။ ဒါပေမဲ့ ဟိုတယ်တွေကို အဆင့်မြှင့်တင်ဖို့တော့ ရှိပါတယ်။ ဒီလထဲမှာပဲ ဟိုတယ်ခရီး ၀န်ကြီးဌာနနဲ့ ဒီဟိုတယ် လုပ်ငန်းရှင်များ အသင်းက လူတွေနဲ့ ပူးပေါင်း ပြီး အဖွဲ့နှစ်ဖွဲ့ခွဲ စစ်ဆေးသွားဖို့ ရှိပါတယ်'' ဟု ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရန်ကုန်ဇုန်ဥက္ကဋ္ဌ ဦးတင်ဝင်းက ဆိုသည်။
မြန်မာနိုင်ငံ တွင်းသို့ ၂၀၁၂ ခုနှစ်မှ စတင်ကာ ပြည်ပခရီးသွား ပိုမိုမြင့်တက်လာခဲ့ပြီး၂၀၁
ထို့ပြင် ယခုနှစ်အတွက် ဟိုတယ်ခရီး ၀န်ကြီးဌာနမှ ပြည်ပခရီးသွား တစ်သန်းနှစ်သိန်းမှ နှစ်သန်းအတွင်း ခရီးသွား ၀င်ရောက်ရန် ခန့်မှန်းထားကြောင်းလည်း သိရပြီး ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ ဆီးဂိမ်းကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်လာဖွယ် ရှိကြောင်း သိရသည်။
လက်ရှိ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်မှာ ငါးလုံးသာရှိပြီး နိုင်ငံခြားသားပိုင် ဟိုတယ်များသာ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၁ ခုနှစ်တွင် ဟိုတယ်များကို ကြယ်ပွင့်အဆင့် သတ်မှတ်ခဲ့ရာ ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ် ၁၁ လုံး၊ ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ် ၅၆ လုံး၊ ကြယ်နှစ်ပွင့်ရ ဟိုတယ်အလုံး အရေအတွက်မှာ ၄၉ လုံးကြယ် တစ်ပွင့်ရ ဟိုတယ် စုစုပေါင်း ၆၉ လုံးရှိပြီး အဆိုပါ ကြယ်ပွင့် သတ်မှတ်ချက်များကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုဂံမြို့များတွင် ရှိသော ဟိုတယ်များကိုသာ ဟိုတယ်ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
Eleven Media Group
နေပြည်တော် ဟိုတယ်ဇုန်တွင် ဆောက်လုပ်ဆဲ ဟိုတယ်တစ်ခုကို ဇူလိုင်လ အတွင်းက တွေ့ရစဉ်
No comments:
Post a Comment