ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ
အဝေးပြေးဝင်းအတွင်း နိုင်ငံတကာ အဆင့်မီ ဆိုက်ရောက်၊ ထွက်ခွာ အဆောက်အအုံ
(Highway Bus Arrival) ကို သြဂုတ် ၁၉ရက်တွင် စတင် စမ်းသပ်ဖွင့်လှစ်၍
အသုံးပြု ခွင့်ပေးထားကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ’မှ
သတင်းရရှိသည်။
အောင်မင်္ဂလာ
အဝေးပြေး ဆိုက်ရောက်၊ ထွက်ခွာ အဆောက်အအုံကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ရက်တွင် မြို့တော်စည်ပင်နှင့် Myint & Paing Co.,Ltd တို့ အ ကျိုးတူ
ပူးပေါင်းဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၉ ရက် တွင် ဖွင့်လှစ်ကာ ၃၁
ရက်အထိ စမ်းသပ်ကာလအဖြစ် သတ်မှတ် ခဲ့ကြောင်း၊ မြို့တော်စည်ပင်မှ
ယင်းအဆောက်အအုံ၏ ကျန်ရှိနေသည့် လိုအပ်ချက်များကို စစ်ဆေးလျက်ရှိကာ
စမ်းသပ်ကာလအတွင်း အဝေးပြေးကားများ ၀င်ရောက် ထွက်ခွာခွင့်ပေးကြောင်း သိရသည်။
“အခုက အကြမ်းပဲ ပြီးသေးတယ်၊ Myint & Paing ကို ဒီအဆောက်အအုံ
တည်ဆောက်ခွင့် ရှစ်လပဲ ပေးထားတော့ သတ်မှတ်ရက်ပြီးတာနဲ့ သူတို့ဘက်က
ပြန်အပ်တယ်၊ အခု စည်ပင်က စစ်ဆေးနေဆဲပဲ၊ စမ်းသပ်ကာလမှာပဲ အဆောက်အအုံရဲ့
လိုအပ်ချက်တွေကို ဖြည့်ဆည်းသွား မယ်၊ အဆောက်အအုံပိုင်း ပြီးရင်တော့ ဘေးက
လမ်းပိုင်းပြင်ဆင်မှုတွေကို ဆက်ပြီးလုပ်ဆောင်မယ်”ဟု မြို့ တော်စည်ပင်
အခွန်ဌာန၊ အောင် မင်္ဂလာအဝေးပြေးဝင်း’မှ ဒုတိယ ဌာနမှူး ဦးဥာဏ်ထွန်းအောင်က
ပြောသည်။
“ဒီ Arrival က ကျွန်တော် တို့နိုင်ငံအနေနဲ့ ပထမဆုံးပါ၊
သြ ဂုတ် ၁၉ ရက်ကစပြီး ၂၅ ရက် အထိ ယာဉ်ရပ်နားကွင်း အမှတ် ၂ မှာရပ်တဲ့
ကားတွေအကုန်လုံး ဗမမငလေူ ထဲက တစ်ဆင့် ၀င်ရောက် ခိုင်းမယ်၊ ကားတွေဝင်ရတာ
အဆင်ပြေ မပြေကို ကြည့်မယ်၊ အားနည်းချက်၊ အားသာချက်တွေကို လေ့လာ စမ်းသပ်မယ်၊
လေ့လာ ဖို့အတွက် အချိန် နှစ်ပတ်လောက် ယူသွားမယ်” ဟု အောင်မင်္ဂလာ အဝေးပြေး
ယာဉ်ရပ်နားစခန်းမှ ဒုတိယစခန်း တာဝန်ခံ ဌာနခွဲမှူး ဦး ဇော်မင်း က ပြောသည်။
အဝေးပြေးကားများ ဆိုက် ရောက်၊ ထွက်ခွာ အဆောက်အအုံ (Highway Bus Arrival)
ကို အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ယာဉ်ရပ်နားကွင်း ၂ ၏ မြေဧရိယာ ၁ .၄၂
ဧကပေါ်တွင် တည်ဆောက်ခြင်းဖြစ်ပြီး ယာဉ်ကြော လမ်းကြောင်း ငါးခုဖြင့်
အဝေးပြေးကား အစီးသုံးဆယ် တစ်ပြိုင်နက် ရပ်နားနိုင်မည် ဖြစ်ကြောင်း၊
ယင်းအဆောက်အအုံ တွင် မြို့တွင်းအငှားယာဉ် အစီး ငါးဆယ်နှင့် မထသ
ယာဉ်လိုင်းမှ ယာဉ် ၁၃၂ စီး ရပ်နားနိုင်ကြောင်း သိရသည်။ ခရီးသည်များအတွက်
ဖိုင်ဘာခုံ အလုံး ၁၂၀၊ ကျန်းမာ ရေးဆေး ခန်းတစ်ခု၊ ရေချိုးခန်းအပါ အ၀င်
ကျား/မ သန့်စင်ခန်း အလုံး လေးဆယ်၊ နိုင် ငံတ ကာ အဆင့်မီ ခရီးဆောင်အိတ်
သယ်ယူ လက် တွန်းလှည်းများ၊ ရုပ်မြင်သံကြား တီဗီ ၁၃ လုံး၊ စားသောက်ဆိုင်
လေးဆိုင်၊ KBZ နှင့် CB Bank မှ ငွေလဲကောင်တာ လေးခု၊ လုံ ခြုံရေး
ဆောင်ရွက်ချက်များအတွက် CCTV ၁၆ လုံးနှင့် နေ့ည ၀န်ထမ်း ၂၄ ဦး၊ Wi-fi
အခမဲ့ သုံး စွဲခွင့်နှင့် စက်တင်ဘာ ၁ ရက်မှ စတင်ကာ အဝေးပြေး ကားကြီး
တစ်စီးလျှင် ငါးရာကျပ်နှင့် မြို့တွင်း အငှားယာဉ်တစ်စီးလျှင် နှစ်ရာ
ကျပ်နှုန်းဖြင့် ၀င်/ထွက်သွားလာ အသုံးပြုနိုင်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
Automobile Journal
No comments:
Post a Comment