အသီးတစ်ရာအညှာတစ်ခု တေးသီချင်းဖြင့် ပရိသတ်များ လက်ခံထားသော နိုင်ငံကျော်
ဂန္ထဝင်တေးသံရှင် တွံတေးသိန်းတန် ကွယ်လွန်သည့် ၁၅ နှစ်ပြည့်
အထိမ်းအမှတ်အနေဖြင့် ရှင်သန်နေမယ့် မှတ်တိုင်များ အမည်နှင့် တေးစီးရီးကို
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထွက်ရှိမည် ဖြစ်ကြောင်း
ဂန္ထဝင်တေးသံရှင် ရွှေရည်သိန်းတန်က ပြောကြားသည်။
အဆိုပါ တေးစီးရီးကို လွန်ခဲ့သောငါးလခန့်က စတင်စီစဉ်နေခဲ့ပြီး
ထိုစီးရီးတွင် တေးသံရှင် တွံတေးသိန်းတန် သီဆိုရေးဖွဲ့ခဲ့သော
တေးသီချင်းကိုးပုဒ်ကို ပြန်လည် သီဆိုမည် ဖြစ်ကြောင်း၊ အောင်မြင်ခဲ့သော်လည်း
ပြန်လည် သီဆိုမှုနည်းသော တေးသီချင်းများ ပါဝင်မည် ဖြစ်ကြောင်း၊
ယင်းတေးစီးရီးကို ဒီဗီဒီအခွေတစ်ခါတည်း ထွက် ရှိမည် ဖြစ်ပြီး Live Show
ပုံစံနှင့် တေးသံရှင် တွံတေးသိန်းတန်၏ သီဆိုခဲ့ဖူးသော ပုံရိပ်များ၊ ဂန္ထဝင်
ဇာတ်ကားများမှ ဇာတ်ဝင်ခန်း ပုံရိပ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း
ပြောကြားသည်။
“ဦးသိန်းတန်ရဲ့ ၁၅နှစ်ပြည့်အခွေမှာ
စုံတွဲသီချင်းနှစ်ပုဒ် သီဆိုထားပါတယ်။ သူ့ရဲ့သမီးက သူ့ရဲ့အနုပညာတွေကို
ပြန်လည် ဖော်ထုတ်ပြတဲ့အတွက် ဂုဏ်ယူပါတယ်။ ဦးသိန်းတန်ရဲ့ အနုပညာကိုလည်း
ဂါရဝ ထားပါတယ်။ နိုင်ငံကျော် ဂန္ထဝင်တေးသံရှင် တစ်ယောက်ရဲ့ သီချင်းကို
ပြန်လည် သီဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်” ဟု တေးသံရှင် ဗညားဟန်က
ပြောကြားသည်။
တေးသံရှင် တွံတေးသိန်းတန် ကွယ်လွန်ခြင်း ၁၃
နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲကို တေးသံရှင်များစွာဖြင့်
ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် တေးစီးရီးခွေသာ ပြုလုပ်မည် ဖြစ်ကြောင်း
တေးသံရှင် ရွှေရည်သိန်းတန်က ဆိုသည်။
The Voice Weekly
No comments:
Post a Comment