Pages

10.8.13

ပြန်လည်ထူထောင်ရေးစခန်းတွင် အချစ်သစ်တွေ့လာသည့် လင်ဆေးလိုဟန်

Canyonsစတား မင်းသမီးသည် (၂၀၁၂)ခုနှစ်က ဖြစ်ပွားသော ယာဉ်မတော်တဆမှု တစ်ခုအတွက် ပြန်လည်ထူထောင်ရေး စခန်းတစ်ခုတွင် နေထိုင်ရန် တရားရုံး ဆုံးဖြတ်ချက် ကြုံတွေ့ခဲ့ရ သည့်နောက် ကယ်လီဖိုးနီးယားရှိ ကလစ်ဖ်ဆိုက်ဒ် စခန်းတွင် ရက်ပေါင်း(၉၀)ကြာ ဖြတ်သန်းခဲ့ရ

လင်းဆေးလိုဟန်တစ်ယောက် သူမနေထိုင်ခဲ့သည့် ပြန်လည်ထူထောင်ရေး စခန်းအတွင်း အချစ်သစ် တွေ့လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Canyonsစတား မင်းသမီးသည် (၂၀၁၂)ခုနှစ်က ဖြစ်ပွားသောယာဉ် မတော်တ ဆမှု တစ်ခုအတွက် ပြန်လည်ထူထောင်ရေး စခန်းတစ်ခု တွင် နေထိုင်ရန် တရားရုံး ဆုံးဖြတ်ချက် ကြုံတွေ့ခဲ့ရသည့်နောက် ကယ်လီဖိုးနီးယားရှိ ကလစ်ဖ်ဆိုက်ဒ် စခန်းတွင် ရက်ပေါင်း(၉၀) ကြာ ဖြတ်သန်းခဲ့ရသည်။ စိတ်ဓာတ်ရေးရာ မွမ်းမံသင်တန်းပေးသည့် အဆိုပါ စခန်းတွင် လင်းဆေးသည် အသက်(၂၃)နှစ်ရှိ အမျိုးသား သင်တန်းသား တစ်ဦးနှင့် တွေ့ဆုံ ချစ်ကျွမ်းဝင်လာခြင်းဟု သတင်းများက ဆိုသည်။

အဆိုပါ အမျိုးသား၏ အမည်ကိုမူ တိတိကျကျ မသိရသေးချေ။ အဆိုပါ စခန်းတွင် လင်းဆေးနှင့်အတူ ရှိခဲ့ဖူးသူ တစ်ဦးက လင်းဆေး စခန်းကို ရောက်လာချိန်မှာ သူနဲ့ချစ်သူဖြစ်လာမယ့် တစ်ယောက်နဲ့ ကျွန်တော်က အခန်းဖော်ပါ။ နောက်တော့ သူတို့ချင်း ချိတ်မိသွားတယ်။ သူတို့ နမ်းနေတာကိုလည်း ကျွန်တော်မြင်တယ်ဟု Radar Onlineသို့ ပြောကြားခဲ့သည်။

ယင်းတို့နှစ်ဦးသည် ၎င်းတို့၏ အချစ်ရေးကို ပေါ်ပေါ်ထင်ထင်ပင် ရှိနေစေရာ အခြားသူများအတွက် အနှောင့်အယှက် ဖြစ်စေသဖြင့် လင်းဆေးနှင့် ဇာတ်လမ်းဖြစ်ခဲ့သော အမျိုးသားကို စခန်းမှ ပြန်လည်ထွက်ခွာရန် စခန်းအာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စခန်းမှာက သီးခြားစည်းမျဉ်းတွေ ရှိတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်လို ဖြစ်လာတော့ တဝန်ရှိသူတွေက အဆင်ပြေမယ့် အခြေအနေ တစ်ခုကို ရွေးခဲ့တာ ပါဟုလည်း ကိုယ်တွေ့ကြုံခဲ့သူက ဆိုသည်။ လင်းဆေးသည် ယခုအခါ ကလစ်ဖ်ဆိုက်ဒ်မှ ပြန်လည် ထွက်ခွာလာပြီ ဖြစ်သည့်အတွက် အမည်မသိ ချစ်သူနှင့် ပြန်လည် လက်တွဲဖွယ် ရှိနေကြောင်း သိရသည်။ လင်းဆေး၏ ချစ်သူနှင့် တစ်ခန်းတည်း အတူနေခဲ့သူကသူတို့ချင်း အပြင်မှာ တွေ့ကြဖို့ အချိန်းအချက် လုပ်ပြီးသားပါ။ လင်းဆေးကလည်း သေချာပေါက် သူနဲ့ ပြန်ဆုံပါလိမ့်မယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planae Myanmar Network
https://www.facebook.com/PlanetMyanmar

No comments:

Post a Comment