အဆိုပါစီမံကိန်းကို ထိုင်းနိုင်ငံ ကုမ္ပဏီဖြစ်သော PTTEP က တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ရာ တနင်္သာရီ ကြိုးဝိုင်းအတွင်း ပိုက်လိုင်း ဖြတ်သန်းပြီး မြေအတွင်းမြှုပ်နှံပြီးနောက
"ကျွန်တော်တို့တွေ ဝါးတွေ၊ သဲအိတ်တွေနဲ့ မြေလွှာပျက်စီးမှု မဖြစ်အောင် ထိန်းထားပါတယ်။ အရင်က ကြိုမလုပ်ဘူး ဆိုတာက ဘယ်နေရာမှာ မြေပြိုမလဲ ကြိုမသိရဘူးလေ။ ဖြစ်လာတော့မှ ဖြစ်တဲ့နေရာကို ပြန်လုပ်ရတာပေါ့" ဟု PTTEP ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
မြေအက်ကြောင်း ဖြစ်ပေါ်သော နေရာများသည် တောင်စောင်းနေရာများ၊ တောင်စောက်နေရာများ ဖြစ်ပြီး အောက်ဘက်ရှိမြေများ ပြိုပါက အထက်ပိုင်းရှိ မြေများပါ လိုက်ပြိုနိုင်ကြောင်း၊ ယင်းနေရာ သည် ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ စသည့်လများတွင် မိုးရေချိန် အများဆုံး ရွာသွန်းသည့် နေရာများဖြစ်ကြောင်း ဦးတင့်ဆွေက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment