သမ၀ါယမ ၀န်ကြီးဌာနမှ ပြည်တွင်းရှိ ကျေးရွာများမှာ အသေးစား ချေးငွေ
လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာမှာ အခုအခါ မှာလည်း ပြည်တွင်းရှိ
ကျေးရွာပေါင်း ၆ သောင်းကျော်မှာ နေထိုင်ကြတဲ့ မိသားစုများ အားလုံးကို
ချေးငွေ ကျပ်ဘီလီယံ သုံးထောင်ခန့် ချေးပေးသွားဖို့ စီစဉ်လျက် ရှိတယ်လို့
သိရပါတယ်။
ဒီလို ချေးငွေချေးပေး
ရာမှာတော့ အဆိုပါ ကျေးရွာများမှာ နေထိုင်တဲ့ မိသားစုများဟာ
ဝိုင်းကြီးချုပ် စနစ်နဲ့ ချေးငွေများ ရယူရမှာ ဖြစ်ပါတယ်။
ဒီလိုရယူရာ မှာလည်း ငွေချေးမယ့်လူ များဟာ သမ၀ါယမ အသင်းဝင်များ
ဖြစ်ရမှာဖြစ်သလို အသင်းဝင် မဟုတ်ပါ ကလည်း အသင်းဝင် ကြေးကျပ် ၅၀၀၀ နဲ့
အသင်းဝင် နိုင်တယ်လို့ သိရပါတယ်။ အခုလို ချေးငွေများ ချထားပေးနိုင်ဖို့
အတွက် နိုင်ငံတကာမှ ရရှိလာတဲ့ နိုင်ငံခြား ချေးငွေများနဲ့ ထောက်ပံ့ငွေတို့
ပိုမိုလိုအပ် တာပဲဖြစ် တယ်လို့ သမ၀ါယမ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။
လက်ရှိ မှာတော့ ချေးငွေ ထုတ်ချေး
ပေးမယ့် နေရာများကို လေ့လာမှုများ ပြုလုပ်နေပြီး ဖြစ်ပါတယ်။ ဒီလို
ဆောင်ရွက်ရ တာဟာ ကြွေးမြီများနဲ့ လုပ်ကိုင် စားသောက် နေရသူတွေ အတွက်
ကိုယ်ပိုင်ငွေနဲ့ ရပ်တည်မှုများ ဆောင်ရွက်နိုင် စေဖို့အတွက် ရည်ရွယ်တာ
ဖြစ်တယ်လို့ သိရပါတယ်။
Mrtv-4
No comments:
Post a Comment