မြောက်ကိုရီးယား အစိုးရသည် စက်တင်ဘာ ၁၉ရက်တွင် ကျရောက်မည့် ရိုးရာ Chuseok အားလပ်ရက် အတွင်း ကွဲကွာ နေသော မိသားစုဝင်များ ပေါင်းဆုံပွဲကို ကျင်းပရန် သဘောတူ ခဲ့ကြောင်း ကိုရီးယား ပြန်လည် ပေါင်းစည်းရေး မြောက်ကိုရီးယား ကော်မတီက အစီရင် ခံစာတွင် ပြောကြား ထားသည်။
တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက ကွဲကွာနေသော မိသားစုများ ပေါင်းဆုံပွဲကို ကျင်းပရန်အတွက် မြောက် ကိုရီးယား အစိုးရကို ယခုသီတင်းပတ် အတွင်း၌ တိုက်တွန်း ခဲ့ပြီးနောက် အဆိုပါ သဘောတူညီချက်ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။
နှစ်နိုင်ငံ ကြက်ခြေနီ အဖွဲ့မှ အာဏာပိုင်များသည် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များ ဆွေးနွေးရန် အတွက် သြဂုတ် ၂၃ရက်တွင် အစည်းအဝေးပွဲ ကျင်းပ၍ ဆွေးနွေး သွားမည်ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ Mount Kumgang အပန်းဖြေစခန်း ပြန်လည် ဖွင့်လှစ်ရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း အကြံပြု ထားကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment