နည်းပညာ တက္ကသိုလ် ( COE ) ၀င်ခွင့် အမှတ်မမီ သူများ အနေဖြင့် နည်းပညာ
တက္ကသိုလ် ( ရတနာပုံ ဆိုက်ဘာစီးတီး ) သို့ စိတ်ဝင်တစား လျှောက်ထား ကြကြောင်း
သိရသည်။
ရန်ကုန် နှင့် မန္တလေး
နည်းပညာ တက္ကသိုလ် ( COE ) နှစ်ခုနှင့် မန္တလေးတွင် ဖွင့်လှစ်မည့် မြန်မာ့
သတင်း အချက်အလက် နည်းပညာ တက္ကသိုလ် တို့တွင် တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီး
အမှတ် ၄၈၀ နှင့် အထက်ရရှိ သူများ လျှောက်ထား နိုင်ကြောင်း သိရသည်။
" နည်းပညာ တက္ကသိုလ် ( COE ) ၀င်ခွင့် လျှောက်ထား နိုင်တဲ့ အမှတ်က မမီတော့
ဆိုက်ဘာ စီးတီးကို ဦးစားပေး လျှောက်ထား ခဲ့ပါတယ် ၊ ဆိုက်ဘာ စီးတီး အမှတ်က
၄၂၀ နဲ့ အထက် ရတဲ့သူတွေ အကျုံးဝင် လျှောက်ထား နိုင်တယ် ဆိုတဲ့ အတွက်
ကြောင့်ပါ ... " ဟု ယခုနှစ် တက္ကသိုလ် ၀င်တန်း အမှတ်ပေါင်း ၄၆၀ ကျော်ဖြင့်
အောင်မြင် ခဲ့သည့် ကျောင်းသူ တစ်ဦးက ပြောပြ ခဲ့သည်။
ယမန်နှစ်
ဆိုက်ဘာစီးတီး ၏ အနိမ့်ဆုံး ၀င်ခွင့် အမှတ်မှာ ကျောင်းသား ၄၆၇ မှတ်နှင့်
ကျောင်းသူ ၂၇၀ မှတ်ဟု သတ်မှတ် ခဲ့သည်။ ယခုနှစ်အတွက် နည်းပညာ တက္ကသိုလ် (
ရတနာပုံ ဆိုက်ဘာစီးတီး ) တွင် ကျောင်းသား ကျောင်းသူ ၂၅၀ ဦး လက်ခံ သွားမည်
ဖြစ်ပြီး သင်တန်းကာလမှာ ၆ နှစ်ဖြစ်ကြောင်း သိရှိရသည်။
The Myawady Daily
No comments:
Post a Comment