ယခုလ ၄ ရက်နေ့တွင်ကျင်းပမည့် ၈၈အရေးတော်ပုံ ငွေရတုအခမ်းအနားသို့
တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ သို့ ခေတ္တပြန်လည်ရောက်ရှိ လာမည့် ABSDF
ဥက္ကဌဟောင်း မိုးသီးဇွန်အား လေဆိပ်တွင် စောင့်ကြို ဆန္ဒပြရန်
ပြင်ဆင်လျက်ရှိကြောင်းစီစဉ်သူ ကိုဝင်းသိန်းမှ ပြောကြားခဲ့သည်။
မိုးသီးဇွန်ကိုကျွန်တော်တို
့မကြိုက်ရတဲ့အကြောင်းကတော့ ဒေါ်အောင်ဆန်
းစုကြည်ရဲ့လုပ် ဆောင်ချက်တွေကို ရိုင်းရိုင်းစိုင်းစိုင်းဝေဖန်ခဲ့တဲ့အပြင် ၉၆၉ ကို ဗုဒ္ဓနာဇီဟု ပြောဆိုခဲ့တာတွေကြောင့်ဖြစ်ပါတယ်။
သူ့အနေနဲ့ နိုင်ငံအတွက်ဘာမှလုပ် သွားတာမရှိဘူး။ ABSDF ခေါင်းဆောင်ဘ၀ကလည်း
ရေပေါ်ဆီအနေနဲ့ စည်းစိမ်ယစ်မူးနေတယ်။ ကိုမင်းကိုနိုင်တို့၊ ကိုဂျင်မီတို့ ၈၈
ကျောင်းသားတွေထောင်နှစ်ရှည်ကျပြီး နိုင်ငံအတွက်အနစ်နာခံခဲ့တဲ့အချိန်မှာ
သူဟာအမေရိကန်နိုင်ငံသား ခံယူပြီး ပြည်ပအထောက်အပံ့တွေနဲ့ ဇိမ်ခံနေတယ်။
အခုမှ နှမ်းဖြူးသလိုဘာလိုလိုနဲ့ လူစွမ်းကောင်းလုပ်ပြီးပြန်လာ တာလုံးဝလက်မခံပါဘူးဟု ပြောဆိုသွားသည်။ မိုးသီးဇွန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ချိန်ကလည်း အမေဒေါ်စု လမ်းမတော် ဖိုးတုတ်နဲ့ ညားပြီးဟု ရိုင်းစိုင်းစွာဝေဖန်ခဲ့ပြီး
သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်တွင်လည်း သမ္မတအား ရိုင်းစိုင်း
စွာဆဲဆိုဆန္ဒပြခဲ့သည်။ ထို့ပြင် မလေးရှားရောက် ရိုဟင်ဂျာအဖွဲ့များနှင့်
မြန်မာနိုင်ငံအတွင်းဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ခဲ့သေးကြောင်း မှတ်တမ်းဗီဒီယိုများမှတဆင့်သိရသည်။
မြန်မာဗုဒ္ဓဘာသာတွေကို ကမ္ဘာ့အလည်မှာ နာဇီလိုလူသတ်သမားတွေနဲ့ နှိုင်းပြီး
နာမည်ဖျက်ခဲ့တဲ့လူကို မြန်မာ့မြေက လက်မခံကြောင်း မကြိုဆိုကြောင်း
ပြဖို့လိုတယ်။
သည်းခံနေရင် ဒီလူတွေ ပြည်ပကနေ မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာကို အမြဲတမ်းနာမည်ဖျက်နေလိမ့်မယ်။ ဟုဆန္ဒပြရန် တိုက်တွန်းထားသည့် လူငယ်တစ်ဦး၏ အွန်လိုင်းစာမျက်နာတွင် ဖေါ်ပြထားသည်။
True New
No comments:
Post a Comment