လွန်ခဲ့သည့် ၁၆ နှစ်၊ ၁၉၉၇ ခုနှစ်က ဗြိတိန်နိုင်ငံ ဝေလမင်းသမီး ဒိုင်ယာနာ
သေဆုံးခဲ့ရမှုတွင် ဗြိတိန် စစ်တပ်က ပူးပေါင်း ကြံစည်ခဲ့သည် ဟူသော ထုတ်ဖော်
ပြောဆိုမှုတစ်ရပ် ထွက်ပေါ်လာကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနများက ရေးသား
ဖော်ပြသည်။
အဆိုပါ သတင်း
ထုတ်ဖော်မှုအရ ဗြိတိန် အိမ်ရှေ့စံမင်းသား ချားလ်စ်၏ ကြင်ရာတော်ဖြစ်သူ ဝေလ
မင်းသမီး ဒိုင်ယာနာသည် ပြင်သစ်နိုင်ငံ၌ ခရီးသွားနေစဉ် ယာဉ်မတော်တဆမှုကြောင့်
သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ ဗြိတိန်စစ်တပ်မှ တပ်ဖွဲ့ဝင် တစ်ဦး၏
လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ် သည်ဟု ဆိုသည်။
CNN
သတင်းဌာန အဆိုအရ အဆိုပါ သတင်းပေးပို့ချက်ကို ဗြိတိန် အထူး တပ်ဖွဲ့ဝင်
တစ်ဦး၏ ယောက္ခမ ဖြစ်သူများက စစ်တပ် အာဏာပိုင်များထံသို့ လည်းကောင်း၊
ထိုမှတစ်ဖန် လန်ဒန် ရဲတပ်ဖွဲ့ထံသို့ လည်းကောင်း ပေးပို့ ခဲ့ကြောင်း၊
ထိုသို့ ပေးပို့ခဲ့သည့် သတင်းကို Sunday People သတင်းစာ၏ ဝက်ဘ်ဆိုက်တွင်
သတင်း ဆောင်းပါးအဖြစ် ဖော်ပြခဲ့သော်လည်း ယင်း အထူးတပ်ဖွဲ့ဝင်၏ အမည်ကို
ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
လက်ရေးမူဖြင့် စာမျက်နှာ
ခုနစ်မျက်နှာခန့် ရေးသားထားသော ယင်းသတင်း ပေးပို့ချက်တွင် မင်းသမီး
ဒိုင်ယာနာ သေဆုံးမှုတွင် ဗြိတိန် အထူးလေကြောင်း တပ်ဖွဲ့ SAS ၏ အထူး
ကွန်မင်ဒိုများသည် နောက်ကွယ် မှ ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟူသော အချက်ကို
အဆိုပါ တပ်ဖွဲ့ဝင်က သူ၏ ဇနီး ဖြစ်သူအား အသိပေး ပြောဆိုထားကြောင်း၊ ယင်းသို့
ပြောဆိုမှုများ ကို ယောက္ခမ ဖြစ်သူများက ပြန်လည် ဖောက်သည်ချ ရေးသား ဖော်ပြ
ခဲ့ခြင်း ဖြစ်ကြောင်း Sunday People သတင်းစာက ဆိုသည်။
လန်ဒန်
ရဲတပ်ဖွဲ့ကမူ အဆိုပါသတင်းနှင့် ပတ်သက်၍ “ယခုကိစ္စ သည် ပြန်လည် စုံစမ်းစစ်ဆေး
ဖော်ထုတ်မှု မဟုတ်ကြောင်း” ကြေညာချက် ထုတ်ပြန်သည်။
The Telegraph
သတင်းစာ အဆိုအရ ဒိုင်ယာနာ သေဆုံးမှုနှင့် ပတ်သက်၍ ထပ်မံ ထုတ်ဖော်
သတင်းပေးချက်ကို စကော့တလန်ယတ် (ဗြိတိန် ထောက် လှမ်းရေးအဖွဲ့) က ယခုအခါ
စစ်ဆေးလျက် ရှိသည်ဟု သိရသည်။
ဗြိတိန်နိုင်ငံ ကာကွယ်ရေး
ဝန်ကြီးဌာနက အဆိုပါ ကိစ္စသည် ဗြိတိန် ရဲတပ်ဖွဲ့ က စုံစမ်း ဖော်ထုတ်ရမည့်
ကိစ္စသာ ဖြစ်သည်ဟု CNN သတင်းဌာန သို့ ပြောကြားသည်။
ဝေလမင်းသမီး
ဒိုင်ယာနာ (၃၆ နှစ်) သည် ၎င်း၏ ချစ်သူ ဒိုဒီဖေယက် (၄၂ နှစ်) နှင့်အတူ ပြင်သစ်
နိုင်ငံ၌ ခရီးသွားစဉ် ပွန်ဒီအာလမာ လိုဏ်ဂူတွင်း မော်တော်ယာဉ် မတော်တဆမှု
ဖြစ်ပွားကာ သေဆုံးခဲ့ခြင်း ဖြစ် သည်။
ယာဉ်တိုက်မှု မဖြစ်မီ ၎င်းတို့
နှစ်ဦး၏ နောက်သို့ ပါပရာဇီ သတင်းသမားများ က လိုက်ခဲ့ကြကြောင်း၊
ယာဉ်တိုက်မှုတွင် ယာဉ်မောင်းဖြစ်သူ ဟင်နရီပေါလ် ဆိုသူမှာ အရက်သောက်ထားပြီး
အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း စစ်ဆေးသူများက
ထိုစဉ်က ထုတ်ဖော်ခဲ့ကြသည်။
The Voice Weekly
No comments:
Post a Comment