Pages

25.8.13

တရုတ်နိုင်ငံအလယ်ပိုင်းတွင် ထရာမီတိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၃၆၁ဝဝဝ မုန်တိုင်းဒဏ်ခံခဲ့ရ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ်တွင် ယခုနှစ် အတွင်း ၁၂ ကြိမ်မြောက် ဝင်ရောက် တိုက်ခတ် ခဲ့သည့် ထရာမီ တိုင်ဖုန်း မုန်တိုင်းကြောင့် လူပေါင်း ၃၆၁ဝဝဝ မုန်တိုင်းဒဏ် ခံခဲ့ရပြီး
၃ဝ၉ဝဝ ကိုမူ ဘေးလွတ် ရာသို့ ပြောင်းရွှေ့ ပေးခဲ့ ရကြောင်း ဒေသတွင်း အာဏာပိုင် များက သြဂုတ် ၂၄ ရက်တွင် ပြောကြား ထားသည်။



မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် စီရင်စု ၁၄ ခု၊ မြို့များနှင့် ခရိုင်များတွင် အပျက် အစီး များစွာ ဖြစ်ပေါ် ခဲ့ပြီး ဒေသခံ ၃၆၁ဝဝဝ ခန့်မှာ မုန်တိုင်းဒဏ် ခံခဲ့ ရရုံသာ မက လူပေါင်း ၃ဝ၉ဝဝ ကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်း ပေးခဲ့ ရကြောင်း၊ မုန်တိုင်း ဒဏ်ကြောင့် သီးနှံ စိုက်ခင်း ဟက်တာ ၁၃၃၅ဝ ခန့် ပျက်စီး ခဲ့ပြီး အိမ်ပေါင်း ၁၅ဝ ခန့် ပြိုကျ ခဲ့ကြောင်း သိရသည်။

(အင်တာနက်)
မြ၀တီ

No comments:

Post a Comment