ဘာစီလိုနာသည် အသက်(၃၅)နှစ် ရှိပြီဖြစ်သလို ဒဏ်ရာကြောင့် ကြံ့ခိုင်မှု
ပြဿနာများ ကြုံနေရသည့် အသင်းခေါင်းဆောင် ကားလက်စ် ပူယိုးလ် နေရာ၌ ရေရှည်
အစားထိုးသွားရန် လုဇ်ကို ရည်မှန်း ထားခြင်း ဖြစ်သည်။
ချယ်လ်ဆီးနောက်ခံလူ လုဇ်ကို ဘာစီလိုနာ တရားဝင် ကမ်းလှမ်း ဘာစီလိုနာ
အသင်းသည် ချယ်လ်ဆီး နောက်ခံလူ ဒေးဗစ်လုဇ်အတွက် တရားဝင် ကမ်းလှမ်းမှုတစ်ခု
ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ Sky Sportsက ဘရာဇီးလ် လက်ရွေးစင် ဗဟိုနောက်ခံ
ကစားသမားအတွက် စပိန်လာ လီဂါ ချန်ပီယံ အသင်းက ကမ်းလှမ်းမှု
ပြုလုပ်ခဲ့သော်လည်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ပယ်ချခဲ့သည်ဟု
ရေးသားသွားသည်။ အသက်(၂၆)နှစ်ရှိ လုဇ်သည် ခံစစ်မှူးသစ်တစ်ဦး ရှာဖွေနေသော
ဘာစီလိုနာ၏ အဓိက ပစ်မှတ် ကစားသမားလည်း ဖြစ်သည်။
ဘာစီလိုနာသည်
အသက်(၃၅)နှစ် ရှိပြီဖြစ်သလို ဒဏ်ရာကြောင့် ကြံ့ခိုင်မှု ပြဿနာများ
ကြုံနေရသည့် အသင်းခေါင်းဆောင် ကား လက်စ်ပူယိုးလ် နေရာ၌ ရေရှည်
အစားထိုးသွားရန် လုဇ်ကို ရည်မှန်း ထားခြင်း ဖြစ်သည်။ ချယ်လ်ဆီးအနေဖြင့်မူ
လုဇ်ကို ဆက်လက် ထိန်းသိမ်းထားရန် လိုလားနေပြီး မော်ရင်ဟိုကလည်း လုဇ်ဟာ
အကောင်းဆုံး ပုံစံနဲ့ အသင်းလူစာရင်းကို ပူးပေါင်းလာတာပါ။
ကျွန်တော်တို့ သူ့ရဲ့ အရည်အသွေးကောင်းတွေကို ကောင်းကောင်း
အသုံးချနိုင်ပါလိမ့်မယ်။ လုဇ်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကြီးကြီးမားမား
တည်ဆောက်ထားသူ ဖြစ်ပါတယ်။
အထူးသဖြင့် ဘောလုံးနဲ့အတူ
တိုက်စစ်လိုက်ပါမှုမှာ သူဟာ သိပ်ထူးချွန်ပါ တယ်ဟု မှတ်ချက်ပြုထားသည်။လုဇ်သည်
ပြီးခဲ့သည့် စက်တင်ဘာ လ ကမှ ချယ်လ်ဆီးနှင့် (၅)နှစ် သက်တမ်းတိုး
စာချုပ်ထားသူ ဖြစ်သည်။ ဘာစီလိုနာ အနေဖြင့် လုဇ်ကို မခေါ်ယူနိုင်ပါက
လီဗာပူးလ်၏ ဒိန်းမတ် လက်ရွေးစင် ဒန်နီရယ်လ် အဂ္ဂါကို ပစ်မှတ်ပြောင်းလဲ
ချိတ်ဆက်ဖွယ် ရှိနေသည်။ သို့သော်လည်း အဂ္ဂါ၏ ကစားသမားဘဝ ဒဏ်ရာ မှတ်တမ်း များ
က ဘာစီလိုနာအတွက် အတန်ငယ် စဉ်းစားစရာ ဖြစ်နေကြောင်း လည်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment