မြင့်မြတ် အသည်းကင်ဆာမဖြစ်ပါ
မင်းသားမြင့်မြတ် အသည်းကင်ဆာဝေဒနာ ခံစားနေရသည်ဆိုသည့် လတ်တလောတွင်
ထွက်ပေါ်နေသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း၊ ဗီဒီယိုဇာတ်ကားများလည်း
ဆက်တိုက်ရိုက်ကူးလျက်ရှိကြောင်း မြင့်မြတ်က မဇ္ဈိမသတင်းစာသို့ ဖြေကြားခဲ့သည်။
ခြောက်လသာ အသက်ရှင်ရန် အချိန်ကျန်ရှိနေပြီး အခြားလူတစ်ဦး၏အသည်းဖြင့်ရှင်သန်ရန် ကြိုးစားနေကြောင်း စသည့်အကြောင်းအရာများမှာ ယခုလဆန်းပိုင်းတွင် ပိုမိုပျံ့နှံ့လျက်ရှိသည့်အပြင် ဆေးရုံတက်ကာ ကုသမှု ခံနေရသည်ဆိုသောသတင်းများကိုလည်း မြင့်မြတ်ကထပ်မံ ငြင်းဆိုလိုက်ပါသည်။
“အဲဒီလိုမျိုးသတင်းထွက်နေတာကို
ကြားတယ်။ ပြောနေကြသလို မဟုတ်ပါဘူး။ ဘယ်ကထွက်မှန်းလည်း မသိဘူး။
အခုနောက်ပိုင်းမှာ တဖြည်းဖြည်းများလာတယ်။ ကောလာဟလပါလို့ပဲ ပြောချင်ပါတယ်။
ရှင်းလည်းမရှင်းဘူး။ လက်ရှိမှာ ကျွန်တော်လုပ်နေတဲ့အကြောင်းတွေနဲ့
ပတ်သက်ပြီး ဂျာနယ်တွေမှာပါနေတဲ့ အတွက်သီးသန့် ရှင်းစရာတော့ မလိုပါဘူး။
အခုကျွန်တော်ကတော့ ဒီအတိုင်း ပုံမှန်ကိုယ်လုပ်နေကျ အနုပညာ အလုပ်တွေ
ကောင်းကောင်းမွန်မွန်နဲ့ ဆက်ပြီးတော့လုပ်နေပါတယ်”ဟု မြင့်မြတ်က
ဖြေကြားခဲ့သည်။
လက်ရှိတွင် မြင့်မြတ်သည် ဒါရိုက်တာဝင်းထွန်းထွန်း
ရိုက်ကူးသည့် “ကျွန်တော်နဲ့ အဖေ” ဗီဒီယိုဇာတ်ကား ကိုလူမင်း၊ ယုသန္တာတင်၊
အိချောပိုတို့ဖြင့် ရိုက်ကူးလျက်ရှိသည်။
Mizzima - News in Burmese
No comments:
Post a Comment