ကယ်လိုရီ အများအပြား ပါဝင်သော အစားအသောက်များကြောင့် အသက်(၅၈)နှစ်ရှိ
ဝါရှင်တန် အနေဖြင့် ကိုယ်အလေးချိန်ကို ကျစ်ကျစ်လစ်လစ် ထိန်းချုပ်ရန်
အလွန်ခက်နေသည်။
အစားမက်ခြင်းကို
တားဆီး၍ မရကြောင်းနှင့် ကိုယ်အလေးချိန် တက်လာသဖြင့် စိတ်ပျက်နေကြောင်း
ဒန်ဇယ်လ် ဝါရှင်တန်က ဖွင့်ဟ ဝန်ခံလိုက်သည်။ အော်စကာဆုရ ဟောလီးဝုဒ် မင်းသားက
မိမိအတွက် ရေခဲမုန့် ကြိုက်ခြင်းသည် အားနည်းချက် တစ်ခုကဲ့သို့ပင်
ဖြစ်နေကြောင်း ညည်းညူသွားသည်။ ကယ်လိုရီ အများအပြား ပါဝင်သော
အစားအသောက်များကြောင့် အသက်(၅၈)နှစ်ရှိ ဝါရှင်တန် အနေဖြင့်
ကိုယ်အလေးချိန်ကို ကျစ်ကျစ်လစ်လစ် ထိန်းချုပ်ရန် အလွန်ခက်နေသည်။
The Late Show with David Letterman အစီအစဉ်တွင် ဝါရှင်တန်က
"ကျွန်တော့် ကိုယ်အလေးချိန် (၂၄၇)ပေါင် ရှိနေပြီဗျ။ ခုဆို
သရုပ်ဆောင်ဖို့ထက် ဒါရိုက်တာ လုပ်ဖို့ပဲ စဉ်းစားနေရပြီဟု ပြောကြားခဲ့သည်။
၎င်းက "ကျွန်တော် ရုပ်ရှင်တစ်ခုကို တည်းဖြတ်တဲ့ နေရာမှာ ပါခဲ့တယ်။
(၅)လ၊ (၆)လလောက်ထင်တယ်။ တည်းဖြတ်တဲ့ ခပ်မှောင်မှောင် အခန်းထဲမှာချည်း
အချိန်ကုန်ခဲ့တယ်။ အဲဒီတုန်းက အစားတွေ အများကြီး စားဖြစ်တယ်လေ။
ရေခဲမုန့်ကတော့ အရင်ကတည်းက ကြိုက်တာဆိုတော့ ဘာပြောကောင်းမလဲ"ဟု
ဖွင့်ဟခဲ့သည်။
ဝါရှင်တန်သည် အက်ရှင်ဇာတ်မြူး ရုပ်ရှင်တစ်ခုဖြစ်သော
2 GUNSတွင် ပါဝင်ထားသည်။ ၎င်းသည် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်အတွက်
လက်ဝှေ့ အားကစားကို လိုက်စားလေ့ ရှိသည်။ အစီအစဉ်မှူး ဒေးဗစ်လတ်တာမန်းက
အက်ရှင်ဇာတ်ကားများ ရိုက်ကူးချိန်တွင် ခန္ဓာကိုယ် ကျစ်ကျစ်လစ် လစ်
ဖြစ်သွားအောင် မည်သို့ ပြန်လည် ပြင်ဆင်ကြောင်း မေးမြန်းရာ ဝါရှင်တန်က
လွယ်တော့ မလွယ်ဘူးဗျ။ အားကစားရုံကို ကျွန်တော် သွားချင်လှတာတော့
မဟုတ်ဘူးလေ။ တစ်ခါလောက် ပြင်းပြင်းထန် ထန် လေ့ကျင့်ပြီးရင် နောက်တစ်ခါ
ထပ်သွားဖို့ တော်တော် အားယူရတာဟု ဖြေကြားသွားသည်။
Planet Myanmar Network
No comments:
Post a Comment