အမေရိကန်အစိုးရက အယ်လ်ကေဒါတို့၏ အကြမ်းဖက်တိုက်ခိုက် မှု ပေါ်ပေါက်နိုင်ကြောင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့သည် ယီမင်နိုင်ငံရှိ ၎င်းတို့၏သံရုံးများကို တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များ (သြဂုတ် ၄၊ ၅) တွင် ပိတ်ထား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒေသများတွင် အယ်လ်ကေဒါတို့က အကြမ်းဖက်တိုက်ခိုက်မည့် ခြိမ်းခြောက်မှု သတင်းများရရှိပြီးနောက် အမေရိကန်က ကမ္ဘာတစ်ဝန်းအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါဒေသများရှိ အမေရိကန်သံရုံး အနည်းဆုံး ၂၁ ခုကို တနင်္ဂနွေနေ့ ပိတ်ပင်ထားမည်ဖြစ်သည်။
နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း အကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် လစ်ဗျား၊ အီရတ်နှင့် ပါကစ္စ တန်တို့တွင် အယ်လ်ကေဒါတို့၏ ကြိုးကိုင်ဆောင်ရွက်မှုဖြင့်
ဖောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment