အသင်းမှထွက်ခွာနိုင်ရန်အတွက် ဥပဒေကြောင်းအရ ဆွာရက်ဇ် စီစဉ်နေ
အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည့် လီဗာပူးလ်အသင်း
တိုက်စစ်မှူး ဆွာ ရက်ဇ်အနေဖြင့် အသင်းမှ ထွက်ခွာနိုင်ရန်အတွက်
ဥပဒေကြောင်းအရ စီစဉ်နေသည်ဟု သတင်းများထွက် ပေါ်လာခဲ့သည်။
ဆွာရက်ဇ်အနေဖြင့် လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသောစာချုပ်တွင်
ပေါင်သန်း ၄၀ နှင့်အထက် ကမ်း လှမ်းလာပါက ကစားသမားဆန္ဒရှိလျှင် အသင်းမှ
ထွက်ခွာခွင့်ပေးရမည်ဆိုသည့်အချက်ပါဝင်ခဲ့ပြီး အာဆင် နယ်အသင်း၏ ပေါင်သန်း ၄၀ အား တစ်ပေါင်ထပ်တိုးကမ်းလှမ်းခဲ့ခြင်းသည် အဆိုပါအချက်ကို အကျုံးဝင်စေခဲ့သည်။
အသင်း၏ပြဿနာကစားသမားဟု သတ်မှတ်ခြင်းခံခဲ့ရသော ဆွာရက်ဇ်သည် ယခုနှစ်တွင်
ချန်ပီယံလိဂ် ၀င်ခွင့်ရရှိထားသော အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့လိုနေပြီး
ပရီးမီးယားလိဂ်တာဝန်ရှိသူများ၏အကူ
အညီဖြင့် ၎င်း၏စာချုပ်ကို ထောက်ပြလာဖွယ်ရှိသည်။ ဆွာရက်ဇ်၏ ဥပဒေအကြံပေးတစ်ဦး
ဖြစ်သော ဒေ့ဗ် လန်က အကယ်၍သာ စာချုပ်ပါ အချက်ဖြင့် အသင်းမှ ထွက်ခွာ၍မရပါက
ဥပဒေကြောင်းအရ လုပ်ရန်သာ ရှိတော့ကြောင်း ဖော်ထုတ်ပြောဆိုသွားခဲ့သည်။
“လီဗာပူးလ်အသင်းက ဆွာရက်ဇ်အတွက် ပေါင်သန်း ၅၀ လောက်အထိ မျှော်လင့်နေပါတယ်။
ဘယ်ကစား သမားမဆို ဥရောပပြိုင်ပွဲတွေမှာ ကစားရတာကို ကျေနပ်ကြမှာပါပဲ။
ဆွာရက်ဇ်ကတော့ အသင်းအနေနဲ့ သူ့ကို ထွက်ခွာခွင့်မပေးဘူးဆိုရင် ဥပဒေကြောင်းအရ
ရင်ဆိုင်သွားဖို့ အသင့်ရှိနေပါပြီ”ဟု ၎င်းက ဆိုသည်။
လီဗာပူးလ်တိုက်စစ်မှူးအနေဖြင့် ၂၀၀၆ ခုနှစ်က ဂရိုနင်ဂျမ်ကလပ်အသင်းတွင် ကစားခဲ့စဉ်ကလည်း အသင်း မှ ထွက်ခွာခွင့်ရရန်အတွက် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ဖူးပြီး အေဂျက်စ်အသင်းသို့ ပြောင်းရွှေ့ခွင့်ရရန် ကြိုးစားခဲ့ဖူးသည်။
အဆိုပါဖြစ်ရပ်တွင် ဆွာရက်ဇ်အနေဖြင့် ဂရိုနင်ဂျမ်အသင်း၌ ဆက်နေ ရန် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း အေဂျက်စ်အသင်းက ဈေးတိုးမြှင့်ကမ်းလှမ်းခဲ့ခြင်းကြောင့် အသင်း ပြောင်းရွှေ့ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
Mizzima News
No comments:
Post a Comment