ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား
မျိုးနွယ်စုများအား အကြမ်းဖက် အုပ်စုများမှ အကြောင်းရှာကာ အကြမ်းဖက်မှုများ
ရှိလာသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်
နေကြရကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသနေ ရခိုင်မျိုးနွယ်စု ၁၅၀၀
ခန့် သြဂုတ်လ အစောပိုင်းက အိန္ဒိယနိုင်ငံ အတွင်းသို့ ထွက်ပြေးတိမ်းရှောင်
ခဲ့ရကြောင်း သိရသည်။
သြဂုတ် ၃ ရက်က စစ်တကောင်း၊ နေမရမာ၊ သက်၊
ဒိုင်းနက် မျိုးနွယ်စုဝင်များအား သတ်ဖြတ်ခြင်း၊ နေအိမ်များအား
မီးရှို့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၆၀ ကျော် မီးလောင်ခဲ့ပြီးနောက်
ယင်းဒေသတွင် မနေရဲတော့ဘဲ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့်
လူနည်းစုများကို အကာအကွယ်ပေးရန်နှင့် မတရားသိမ်းပိုက် ကျူးကျော်ယူထားသော
မြေများပြန်လည် ရရှိရန်အတွက် သြဂုတ်၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဖလောင်းချိတ်မြို့တွင် လူအင်အား ၃၀၀ ခန့်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း
သိရသည်။
''အဓိကတော့ အစိုးရဌာနဆိုင်ရာ အကြီးအကဲရုံးရှေ့မှာ
ဆန္ဒပြတာဖြစ်တယ်။ ပိုစတာတွေကိုကိုင်ပြီး အခွင့်အရေးတွေ တောင်းဆိုခဲ့ကြတယ်။
လူနည်းစု ဖြစ်နေတဲ့အတွက် လူများစုက အနိုင်ကျင့် စော်ကားခြင်းတွေကို
ရပ်ပေးဖို့ရယ်။ လယ်မြေ၊ ပိုင်နက် ကျူးကျော်မှုတွေကို ပြန်ပေးဖို့ရယ်။
ဖိနှိပ်မှုတွေကို ရပ်ဖို့ရယ်ကို သက်ဆိုင်ရာ လူကြီးတွေ လုပ်ပေးဖို့
တောင်းဆိုတာပါ'' ဟု ဆန္ဒပြ တောင်းဆိုသူများတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သော
ဦးကျော်ဇောမောင်က ပြောကြားသည်။
ဘင်္ဂါလီများ၏
အနိုင်ကျင့်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျက်ရှိသည့်
ဗုဒ္ဓဘာသာဝင်များမှာ ဘာသာတူ နိုင်ငံများဖြစ်သည့် မြန်မာနှင့်
အိန္ဒိယနိုင်ငံများသို့ လူဦးရေသောင်းချီ ခိုလှုံရန် တောင်းခံနေကြကြောင်း
သိရသည်။
Eleven Media Group
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်မြို့တွင် သြဂုတ် ၅ ရက်က ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေကြစဉ်
No comments:
Post a Comment