နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ ဆိုင်ကယ်
ကယ်ရီလုပ်သား များအား နေပြည်တော် ကောင်စီ၏ ကြီးကြပ်မှု အစီအစဉ်ဖြင့်
တန်ဖိုးနည်းငွေ ကျပ် ၁၅ဝဝတန် မိုဘိုင်းလ်ဖုန်း ဆင်းကတ်များအား မဲစနစ်ဖြင့်
ရောင်းချပေးလျက် ရှိရာ ယနေ့နံနက် ၁ဝနာရီတွင် ပျဉ်းမနားမြို့ ရန်အောင်
(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ရှေ့၌ မြို့နယ် အတွင်းရှိ
ဆိုင်ကယ်ကယ်ရီ
လုပ်သား ၇ဝဝအား တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းကတ် GSMသုံးကတ်၊ CDMA
ဆင်းကတ် ၁၅ ကတ် စုစုပေါင်း ၁၈ကတ်အား မဲနစ်ဖြင့် ပွင့်လင်း မြင်သာစွာ
ရောင်းချ ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပျဉ်းမနားမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးစန်းမော်၊ မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီး
ကြပ်မှု ကော်မတီဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
မြ၀တီ
No comments:
Post a Comment