ချယ်ဆီး အသင်း မန်နေဂျာ ဂျို့စ် မော်ရင်ဟိုဟာ ယမန်နေ့ ညက ကစားခဲ့သည့်ဥရောပ
စူပါဖလား ပွဲစဉ်မှာ ကွင်းလယ် ကစားသ မား ဖြစ်သူ ရာမီးရက်ဇ် ထုတ်ပါယ်ခံ
ခဲ့ရပြီး ၁၀ ကျန် အနေ အထားဖြင့် ဘိုင်ယန် အသင်းကို ရင်ဆိုင် ခဲ့ရသည်။
မော်ရင်ဟိုဟာ သူ့အသင်း အနေနှင့် မကြာခဏ ဆိုသလို ၁၀ ကျန် အနေအထားဖြင့်
ကစားခဲ့ရခြင်း အပေါ် မေးခွန်းထုတ်လိုက်ခြင်း ဖြစ် သည်။ မော်ရင်ဟိုက
“ချယ်ဆီးမှာ ပထမအကြိမ် ကိုင်တွယ်ခဲ့ တုန်းက ကျနော် ၂ ကြိမ်၊ ၃ ကြိမ်လောက်
၁၀ ယောက်တည်းနဲ့ ဘာစီလိုနာကို ရင်ဆိုင်ခဲ့ရဖူး ပါတယ်။
“ဒီနောက်တော့ အင်တာ မီလန်ကို သွားခဲ့တယ်။ အဲဒီတုန်း ကလည်း ချန်ပီယံလိဂ်
ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို တစ်နာရီလောက် ၁၀ ယောက်တည်းနဲ့ ရင်ဆိုင်ခဲ့
ရတယ်။ ဒီနောက် ရီးရဲမက်ဒရစ်မှာပေါ့။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ၁၀
ယောက်တည်းနဲ့ ကစားခဲ့ရပြန်ပါတယ်။
ခု ချယ်ဆီးကို နောက်တစ်ခေါက်
ပြန်လာတော့ စူပါဖလားပွဲမှာ ၁၀ ယောက်တည်းနဲ့ ကစားရပြန်ပါပြီ။”
“ဖြစ်ပျက်ခဲ့တာတွေကို သေချာ ပိုင်းခြား စိတ်ဖြာပြီးတော့ ခင်ဗျားတို့
သုံးသပ်ကြည့်စမ်းပါအုံး။ ကျနော် ကံမကောင်းခဲ့ဘူး။ အဲဒါပါပဲ။” ဟု ပြောကြား
သွားခဲ့ခြင်း ဖြစ်သည်။
Ref -http://football/-cafe.com/index.php
ရိုးရာလေး
No comments:
Post a Comment