လီဗာပူး တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိသည်ကို
ဗြိတိန် သတင်းစာနှစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်းများ တွင် အတည်ပြု
ပြောကြားထားသည်။
အသက် ၂၆ နှစ်ရှိ
ဥရုဂွေး လက်ရွေးစင် ကစားသမား ဆွာရက်ဇ်သည် ၎င်း၏ အပြောင်းအရွှေ့ကိစ္စအား ပိတ်ပင်
တားမြစ်ခဲ့ပါက လာမည့် သီတင်းပတ် အကုန်တွင် တရားရုံးမှ တစ်ဆင့် ရင်ဆိုင်
ဖြေရှင်းရန် ရည်ရွယ် ထားကြောင်း သိရသည်။
လီဗာပူး အသင်းသည်
ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ပါက ယခုနှစ် နွေရာသီတွင် ၎င်းအနေဖြင့် အသင်းမှ
ထွက်ခွာ နိုင်သည်ဟုလည်း ကတိပြု ထားကြောင်း ဆွာရက်ဇ်က ဂါးဒီးယန်း
သတင်းစာနှင့် တယ်လီဂရပ် သတင်းစာနှစ်ခုလုံးကို ပြောကြားထားသည်။
မိမိသည် ယမန်နှစ်က ဥရောပကလပ် အသင်းကြီး တစ်သင်းသို့ ထွက်ခွာရန် အခွင့်အရေး
ရရှိခဲ့သော်လည်း နားလည်မှုဖြင့် အသင်းတွင် ဆက်နေခဲ့ကြောင်း ဆွာရက်ဇ်က
ပြောကြားထားသည်။
အာဆင်နယ် အသင်းသည် ဆွာရက်ဇ်အား ခေါ်ယူရန်
နှစ်ကြိမ်တိုင် ကမ်းလှမ်း ထားပြီး ဒုတိယ အကြိမ် ကမ်းလှမ်းမှုတွင်
ပေါင်သန်း၎ဝ ကျော်ပေး၍ ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment