”အောက်ဆုံးအဆင့် ရဲဝန်ထမ်း တစ်ယောက်က လစာ ၆ သောင်းပဲရ တယ်။ တစ်နေ့မှ ၂ ထောင် နောက်ပြီး တော့ သူတို့မှာ မိသားစုတွေ ရှိတယ်။ ကျောင်းနေရမယ်။ မလောက်ဘူး။ မလောက်တဲ့အခါမှာ ရဲဝန်ထမ်းတွေရဲ့ အမျိုးသမီးတွေဆို ပြည်သူတွေရဲ့အိမ်မှာ အဝတ်လျှော်ရ တယ်။ ကြားပေါက်လေး ရအောင် လုပ်နေတာတွေ ရှိတယ်။ အများကြီးဘဲ။ နောက် ဘာဖြစ်လာသလဲ ဆို သူတို့ရဲ့ သားသမီးတွေက ပညာရေး မှာ မဖွံ့ဖြိုးကြတော့ဘူး။ အဆိုးဆုံး တရားဥပဒေ စိုးမိုးရေးမှာ မတည်ငြိမ်မှု တွေ ဖြစ်လာတယ်။လာဘ်ပေးလာဘ် ယူမှုတွေဖြစ်လာ တယ်။ နောက်ပြီးတော့ မဟုတ်မမှန်တဲ့ အမှုတွေကို တီထွင်ကြံဆ လာတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ လစာ နည်းမှုအပေါ် မှာ ဖြစ်လာတဲ့ ပြဿ နာ လေးတွေလာဘ်စားတာတွေ ပြည်သူတွေ အပေါ် ခေါင်းပုံဖြတ်တာတွေ၊ လစာ များများနဲ့သာ ထိန်းသိမ်းနိုင်မယ်ဆိုရင် လာဘ်စားတာတွေ ပ ပျောက်သွားမယ်။နောက်ပြီး ပြည်သူတွေက ရဲတွေအပေါ် မှာ ကြည်ညိုလာမယ်။ အားကိုးအားထား အစစ်အမှန်ဆိုတာ ပြည်သူတွေက လက်ခံသွားလိမ့်မယ်” ဟု ၄င်းကိုယ်တွေ့ အောက်ခြေအဆင့် ရဲဝန်ထမ်းများ၏ မိသားစုအခြေအနေကို ပြောသည်။
အဆိုပါ အောက်ခြေအဆင့် ရဲ တပ်ဖွဲ့ဝင်များ၏ လစာစရိတ်၊ ဝတ်စုံ၊ ရဲစခန်းပြင်ပ အိမ်ငှားနေရသည့် အခြေ အနေ၊ မွမ်းမံသင်တန်း တက်ရောက်ခြင်း၊ အချုပ်သားများကို ရဲက ယခုအချိန် အထိ ရိုက်နှက်မှုရှိနေခြင်း၊ အမျိုးသမီး ရဲဝန်ထမ်းများ အခြေအနေများနှင့် ပတ် သက်၍ သြဂုတ် ၂၆ရက်တွင် ပြည်သူ့ လွှတ်တော်၌ မေးမြန်းရာ ပြည်ထဲေ ရး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ”ရဲတပ်ဖွဲ့ဝင်များ၏ လစာမှာ အရာရှိ၏ အမြင့်ဆုံးလစာ မြို့ နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအနေဖြင့် ၁၅ဝဝဝဝကျပ်ဖြစ်ပြီး အနိမ့်ဆုံးလစာမှာ ရဲတပ် သား ၆ဝဝဝဝ ကျပ်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ရိက္ခာထောက် ပံ့ငွေအဖြစ် တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက် လျှင် ၅ဝဝကျပ်နှုန်းဖြင့် ၂ဝ၁၁-၁၂ခုနှစ် ဘဏ္ဍာရေးနှစ်၊ ၂ဝ၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှစပြီး တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက်လျှင် ၈ဝဝ ကျပ်နှုန်း သို့တိုးမြှင့်ခံစားစေလျက်ရ
ထို့ပြင် ရဲတပ်ဖွဲ့ဝင်များကို ပြည်ပ နိုင်ငံသို့ စေလွှတ်ရာတွင် အမျိုးသမီး တပ်ဖွဲ့ဝင်များစေလွှတ်မှုနှင့
စိုင်းနောင်
Popular Myanmar News Journal

No comments:
Post a Comment