Pages

22.8.13

ပိုဒေါ့စကီးကို အာဆင်နယ် အငှားချဖွယ်ရှိနေ

အာဆင်နယ် အသင်းသည် တိုက်စစ်မှူး လူးကက်စ် ပိုဒေါ့စကီးကို ရှော်လ်ကေးသို့ အငှားထွက်ခွာခွင့်ပြုဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်နှင့် ကိုလုံးအသင်းများတွင် ကစားခဲ့ဖူးသည့် ဂျာမန်လက်ရွေးစင်ကို ဇာတိနိုင်ငံသို့ ပြန်ခေါ်ရန် ရှော်လ်ကေးအသင်းက

ကြိုးစားနေပြီး အာဆင်နယ်ကလည်း ပိုဒေါ့စကီးကို အငှားချပေးဖွယ် ရှိနေကြောင်း ဂျာမန်ထုတ် Bild သတင်းစာက သောကြာနေ့တွင် ခန့်မှန်းရေးသားခဲ့သည်။ အသက်(၂၈)နှစ်ရှိ ပိုဒေါ့စကီးသည် အာဆင်နယ်တွင် ပွဲထွက်နေရာအတွက် ရုန်းကန်နေရသည့်နောက် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် လက်ရွေးစင် အသင်း၌ ပါဝင်ခွင့်ရရေးအတွက် ပွဲထွက်နေရာ သေချာစေမည့် ရှော်လ်ကေးသို့ ချိတ်ဆက်ရန် ပြင်ဆင်နေကြောင်း Bildက ဆိုသည်။

ဂရီသာဖာ့သ်မှ ရှော်လ်ကေးသို့ မကြာသေးမီကမှ ပြောင်းရွှေ့ခဲ့သည့် ဂျာမန်လက်ရွေးစင်ဟောင်း ဂါရဲလ် အဆာမိုအာက "ပိုဒေါ့စကီးဟာ သိပ်ကောင်းတဲ့ ကစားသမားပါ။ သူဟာ ရှော်လ်ကေးနဲ့ အံကိုက်ပါပဲ။ သူအသင်းကို ရောက်လာရင် အရမ်းကျေနပ်စရာ ဖြစ်မှာပါ"ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ရှော်လ်ကေးသည် (၂၀၀၇)ခုနှစ်ကလည်း ပိုဒေါ့စကီးကို ခေါ်ယူရန် ကြိုးစားဖူးသော်လည်း မအောင်မြင်ခဲ့ချေ။ ပိုဒေါ့စကီးသည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်တွင် (၄၂)ပွဲ ကစားကာ (၁၆)ဂိုး သွင်းယူထားသည်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ယခုနွေရာသီတွင် တိုက်စစ်မှူးသစ် တစ်ဦးဝယ်ယူရန် ကြိုးစားနေပြီး ယင်းအခြေအနေသည် ပိုဒေါ့စကီးအတွက် ဖိအားသဖွယ် သက်ရောက်လာခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment