Pages

21.8.13

" ဆရာကြီး ဒဂုန်တာရာအတွက် အိန္ဒြာကျော်ဇင်၏ ဝမ်းနည်းစကား "

သြဂုတ်လ ၁၉ရက်နေ့မှာ ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သွားကြောင်းသတင်းကြားရချိန်မှာပဲ
အိန္ဒြာကျော်ဇင်က အဘိုးအတွက် ဝမ်းနည်း
စကားကို ပေါ်ပြူလာဂျာနယ်သို့ ပြောကြား
ပေးခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်က ယနေ့ သြဂုတ်
လ ၂၁ရက်နေ့မှာတော့ ဆေးကုသမှုခံယူရန်
ဘန်ကောက်ကို သွားရမှာဖြစ်တာကြောင့်
ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနကို
လိုက်မပို့ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ရ
ကြောင်းကို" အဘိုးဆုံးတဲ့အတွက် တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။


အဘိုးက အူဝဲတို့မင်္ဂလာဆောင်တုန်းက တကူး
တကလာချီးမြှင့်တယ်။ မင်္ဂလာဆောင်ဖိတ်စာမှာ
ထည့်တဲ့ ကဗျာလေးက အဘိုးစပ် ပေးထားတာပါ။
အဲဒီကဗျာလေးကို အူဝဲတအားကြိုက်တယ်။ အဘိုးဆုံးသွားတဲ့အတွက် တကယ့်စာပေပုဂ္ဂိုလ်ကြီး
တစ်ယောက်ကို ဆုံးရှုံးရတဲ့အတွက်
တအားနှမြောဖို့ ကောင်းပါတယ်။ အဘိုးရဲ့
ဈာပနကို လိုက်ပို့ဖို့အတွက် စိတ်က တအားပြင်းပြ
တယ်။ ဒါပေမဲ့ ဘယ်လိုမှ လိုက်ပို့လို့မရတော့ဘူး။
ဆေးကုသဖို့ ရက်က ချိတ်ထားပြီးသားဖြစ်နေတယ်။ ရက်ရွှေ့လို့မရဘူး။ အဘိုးအတွက် ပန်းခြင်းတွေပဲ ပို့နိုင်
လိုက်တယ်" လို့ အိန္ဒြာကျော်ဇင်ကဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။ဆရာကြီး ဒဂုန်တာရာမှာ
အိန္ဒြာကျော်ဇင်ရဲ့ အဘိုးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့မိတ်ဆွေဖြစ်သလို ဘကြီးဖြစ်သူ
ကောလိပ်ဂျင်နေဝင်းရဲ့ အရင်းနီးဆုံးမိတ်ဆွေ
တွေဖြစ်ပြီးအိန္ဒြာကျော်ဇင်တို့  ငယ်စဉ်ကတည်း
က မိသားစုအရင်းနဲ့ မခြားနေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ခိုင်ဝေလွင်

Popular Journal

No comments:

Post a Comment