Pages

21.8.13

မီးရထားတိုက်မှုအတွက် ဒေသဆိုင်ရာ တာဝန်ခံများကို အိန္ဒိယ အစိုးရပြစ်တင်

ဘီဟာတွင် တနင်္လာနေ့က ဖြစ်ပွားသော မတော်တဆမှုတွင် ဟိန္ဒူဘာသာဝင် ဝတ်ပြုသူ (၃၇)ဦးထက်မနည်းသည် အရှိန်နှင့် ခုတ်မောင်းလာသည့် ရထားတစ်စင်း ဖြတ်တိုက်သွားမှုကြောင့် သေ ဆုံးခဲ့ကြသည်။


အနည်းဆုံး လူ(၃၇)ဦး သေဆုံးခဲ့သည့် မီးရထား မတော်တဆမှုတွင် ဒေ သဆိုင်ရာ စီမံအုပ်ချုပ်ရေး တာဝန်ရှိသူများကို အိန္ဒိယ အစိုးရက အပြစ် တင်လိုက်ကြောင်း သိရှိရသည်။ ဘီဟာတွင် တနင်္လာနေ့က ဖြစ်ပွားသော မတော်တဆမှုတွင် ဟိန္ဒူဘာသာဝင် ဝတ်ပြုသူ (၃၇)ဦးထက်မနည်းသည် အရှိန်နှင့် ခုတ်မောင်းလာသည့် ရထားတစ်စင်း ဖြတ်တိုက်သွားမှုကြောင့်
သေ ဆုံးခဲ့ကြသည်။ ယခုအခါ အဆိုပါ ကြေကွဲစရာ ဖြစ်စဉ်နှင့်တ်သက်၍ အိန္ဒိယ ဗဟိုအစိုးရက ဘီဟာ ရထားပို့ဆောင်ရေး တာဝန်ခံများကို ပြစ် တင်ပြောဆိုမှု ပြုလုပ်သွားခဲ့သည်။ ထို့အပြင် ရထားတိုက်မှုအပြီး ဒေသခံ များက ဒေါသတကြီးဖြင့် အခြားသော မီးရထားများကို မီးရှို့မှုတွင် လည်း ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ညံ့ဖျင်းလွန်းကြောင်း အိန္ဒိယ အစိုးရက ဝေဖန်သွားသည်။

ဘီဟာ အုပ်ချုပ်ရေးဌာနနဲ့ ရထားပို့ဆောင်ရေး ဌာနတွေဟာ ဒီဖြစ်စဉ်အတွက် တာဝန်ရှိပါတယ်။ ရထားတိုက်မှုအပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းဖို့လည်း ပျက်ကွက်ခဲ့သေးတယ်။ အနည်းဆုံး ရထား(၃)စင်းဟာ မီးတင်ရှို့ ခံခဲ့ရပါတယ်ဟု အိန္ဒိယ ရထားပို့ဆောင်ရေး ဝန်ကြီးဖြစ်သူ အက်ဒ်ဟာ ချိုဟူရီက သတင်းထောက်များအား ပြောကြား သွားသည်။ ဒေသတွင်း ဘာသာရေး ဝတ်ပြု အစီအစဉ် တစ်ခုအတွက် ဦးတည်နေသည့် ဟိန္ဒူဘာသာဝင်များက ရထားလမ်းကို ဖြတ်ကူးနေစဉ် အရှိန်နှင့် မောင်းလာသည့် ရထားက ဝင်တိုက်သွားခြင်း ဖြစ်သည်။အိန္ဒိယက ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ဘီဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး နီတစ်ရှ် ကူးမားတို့က ဒေါသထွက်နေသူများကို တည်တည်ငြိမ်ငြိမ်ရှိနေကြပါရန် ပန်ကြားခဲ့သည်။ အရမ်းဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးကို ကျွန်တော်တို့ ကြုံခဲ့ရတာလေဟု ကူးမားက ဆိုသည်။ ၎င်းက သေဆုံးသူများအတွက် မိသားစုများကို တစ်ဦးလျှင် ဒေါ်လာ (၄၀၀၀)စီနှင့် ညီမျှသော လျော်ကြေး မျိုး ပေးချေသွားမည်ဟုလည်း ပြောကြားသွားသည်။

Planet myanmar Network

No comments:

Post a Comment