မြ၀တီ အပါအ၀င် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဝင်ပေါက် လေးခုမှ
ထိုင်းနိုင်ငံသားနှင့် တတိယ နိုင်ငံသားများ ပြည်တွင်းသို့
ဝင်ရောက်သွားလာခွင့်နှင့် Visa၊ Passport ရှိသော မြန်မာနိုင်ငံသားများ
ပြည်ပသို့ ထွက်ခွာမှုကို သြဂုတ် ၂၈ ရက်မှ စတင်ခွင့်ပြု သွားမည်ဟု
မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
''နယ်စပ်ဂိတ် လေးခုလုံးကနေ ထိုင်းနိုင်ငံသားနဲ့ တတိယနိုင်ငံသား
ဝင်ရောက်မှုကို သြဂုတ် ၂၈ ရက်မှာ တစ်ပြိုင်တည်း တိုးချဲ့ခွင့်ပြု
သွားမယ်ဆိုတဲ့ ညွှန်ကြားချက် ရောက်နေပါပြီ။ ထူးခြားတာက Visa နဲ့ Passport
ရှိတဲ့ မြန်မာနိုင်ငံသား တွေကိုပါ နယ်စပ်ဂိတ်တွေက သွားလာလည်ပတ်ခွင့်
ပြုသွားမှာ ဖြစ်ပါတယ်'' ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား
မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
မြန်မာ-ထိုင်း
နယ်စပ်ဖြတ်ကျော် ဂိတ်များအနက် တာချီလိတ်- မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊
ကော့သောင်း-ရနောင်းနှင့် ထီးခီး- စူနာရွန် စသည့် နယ်စပ်ဂိတ်လေးခုမှ
ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား နိုင်ငံကူး လက်မှတ်နှင့်
ဗီဇာပါရှိလျှင် မြန်မာနိုင်ငံအတွင်း ၀င်ရောက် လည်ပတ်ခွင့် ပြုမည်ဖြစ်သလို
ဗီဇာနှင့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများလည်း
ပြည်ပသို့ ထွက်ခွာခွင့် ရရှိမည်ဟု သိရသည်။
အဆိုပါ
ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများမှာ ရန်ကုန်၊ နေပြည်တော်နှင့်
မန္တလေး အပါအ၀င် နိုင်ငံတော်မှ တရားဝင် ဖွင့်လှစ်ထားသော မည်သည့်
ထွက်ပေါက်မှမဆို ပြန်လည် ထွက်ခွာခွင့်ရှိကြောင်း သိရသည်။ ထို့အပြင်
တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာမှု တိုးတက်ကောင်းမွန်
လာသည့်အတွက် ကမ္ဘာလှည့် ခရီးသည်များ ပြည်တွင်းခရီး သွားလာခွင့်နှင့် ပတ်သက်၍
နယ်မြေကန့်သတ်ချက်များအား အသစ်ပြန်လည် သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည့် ထိုင်းနိုင်ငံသားများနှင့် တတိယ
နိုင်ငံသားများအား နယ်စပ်ဂိတ်များမှ ၀င်ရာက်လည်ပတ်ခွင့် ပြုရာတွင်
ဗီဇာနှင့် နိုင်ငံကူး လက်မှတ်ပါရှိရမည် ဖြစ်ပြီး ဗီဇာအမျိုးအစား၊
နေခွင့်သက်တမ်း အလိုက် သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံသွားမည် ဖြစ်သည်။
ဗီဇာသက်တမ်း ကျော်လွန်ပါက ဒဏ်ငွေပေးဆောင် ရမည်ဟု သိရသည်။
Eleven Media Group
မြန်မာ-ထိုင်း နယ်စပ်ဂိတ် တစ်ခုဖြစ်သော မြ၀တီနယ်စပ်ဂိတ်
No comments:
Post a Comment