အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် စစ်ရေး အရ တိုက်ခိုက်မှု ပြုလုပ်ရန်
ညွှန်ကြား လာနိုင်သည့် အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပင်တဂွန်
စစ်ဌာနချုပ်က ရေတပ်သင်္ဘောများအား ဆီးရီးယား နိုင်ငံ အနီးသို့ စေလွှတ်
ထားကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ်က ထုတ်ဖော် ပြောကြား
ခဲ့ကြောင်းနှင့် ထိုကဲ့သို့ စေလွှတ် ထားမှုနှင့်
ပတ်သက်သည့် အသေးစိတ် အချက် အလက်များ ကိုမူ ထုတ်ဖော် ပြောကြား ခဲ့ခြင်း
မရှိကြောင်း သြဂုတ် ၂၄ ရက် အင်တာနက် သတင်း တစ်ရပ် အရသိရသည်။
ဆီးရီးယား နိုင်ငံနှင့် ပတ်သက်၍ စစ်ရေး အရ ပြင်ဆင်မှု ပြုလုပ် ထားရန်နှင့်
အမေရိကန် တပ်ဖွဲ့များ တပ်ဖြန့် နေရာယူ သွားရန် အတွက် လိုအပ်သော
လုပ်ဆောင်မှုများ ဆောင်ရွက် သွားရန် အိုဘားမားက ပင်တဂွန်စစ် ဌာနချုပ်အား
ညွှန်ကြား ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ အမေရိကန် စစ်သင်္ဘော
များသည် Tomahawk ခရုဇ် ဒုံးပျံများ အပါအဝင် အခြားသော စစ်ရေး ဆိုင်ရာ
စွမ်းပကား အများ အပြားကို အသုံးပြု တိုက်ခိုက်နိုင်ကြောင်း သိရသည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန အနေဖြင့် တပ်ဖွဲ့ဝင်များ တပ်ဖြန့်
နေရာယူခြင်း အပါအဝင် ပေါ်ပေါက် လာနိုင်သော အရေးပေါ် ကိစ္စရပ်နှင့် ပတ်သက်သည့်
အခြေ အနေများ အတွက် သမ္မတအား အထောက်အကူ ပေးရန် တာဝန် ရှိကြောင်း ဟေဂယ်လ်က
ပြောကြား ခဲ့သည်။
ယခုရက် သတ္တပတ် အစောပိုင်းတွင် ဆီးရီးယား
အစိုးရက အရပ်သားများ အပေါ် ဓာတု လက်နက်များ အသုံးပြု တိုက်ခိုက် ခဲ့သည်
ဟူသော သတင်း ထွက်ပေါ်ချက် များနှင့် ပတ်သက်၍ ဆုံးဖြတ်မှု ပြုလုပ်ရန် အမေရိကန်
နိုင်ငံက နိုင်ငံတကာ အသိုက် အဝန်းနှင့် ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်လျက်
ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment