"ဆန္ဒပြတာကတော့ သူတို့ လည်း ရုပ်ရှင်နဲ့ဗီဒီယိုလော က ကောင်းဖို့အတွက်
ပြတာဆိုတော့ ဒီမိုကရေစီလျှောက်နေတဲ့ အချိန်မှာဘယ်သူပဲဖြစ်ဖြစ်
ပြခွင့်ရှိပါတယ်။ ရုပ်ရှင်အစည်းအရုံး လုပ်ဆောင်နေ တာတွေအားလုံးကလည်း
ရုပ်ရှင် လောကနဲ့ ဗီဒီယိုလော ကကြီး တိုး တက်ဖို့လုပ်နေတာပါပဲ။ ရည်ရွယ်
ချက်ချင်းကတော့ အတူ တူတွေပါပဲ။
ဘာမှတော့မထူးပါဘူး။
ဒီမိုကရေစီ ခေတ်မှာ ပိုပြီးတော့တောင် စည်းကမ်းရှိဖို့လိုအပ်တယ်။ ဒီမို
ကရေစီဆိုပြီးတော့ လူအတော်များ များပြောနေတာက ငါလည်းလုပ်ချင် ရာလုပ်မယ်၊
သူလည်း လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ဟာမျိုးတွေကတော့
မရှိသင့်ဘူ။ စည်းကမ်းနဲ့လုပ်ဆောင် ဖို့တော့လိုတယ်။ ရုပ်ရှင်ဆိုလည်း
ဥပဒေရှိတယ်။ ဗီဒီယိုဆိုလည်း ဥပဒေရှိတယ်။ ဥပမာ- ကျွန်တော်တို့ ဆီမှာလည်း
နာယကတွေရှိတယ်။ နာယကအောက်မှာ ရုပ်ရှင်အစည်း အရုံးရှိတယ်။ အစည်းအရုံးအောက်
မှာမှ အခြေခံအလွှာ ၁၀ လွှာရှိတယ်။ ပြီးတော့ အဆင့်ဆင့်ပေါ့။
တစ်
ယောက်နဲ့တစ်ယောက် လေးလေး စားစားနဲ့ ဆက်ဆံပြောဆို လုပ်ကိုင် လို့ရှိရင်
ဘာဖြစ်ဖြစ် အရာရာ အောင်မြင်မှာပဲ။ အကြောင်းအရာ တစ်ခုဖြစ်ပြီဆိုတာနဲ့
ဒါကြီးက အာဏာရှင်ဆန်တယ်ဆိုပြီး ပြောကြ တယ်။ အမှန်တော့ ဇစ်မြစ်ကိုကြည့်
ဖို့လိုတယ်။ အစည်းအရုံးကလုပ်သမျှ သည် တစ်ယောက်တည်းက လုပ်နေ တာတွေမဟုတ်ဘူး။
အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ပြီးမှ အကောင်အထည်ဖော်လို့ရတာ။
လုပ်ခဲ့ သမျှတွေကလည်း အကုန်လုံး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပဲ
လုပ် တာပါ။ ဆန္ဒပြတာကိုလည်း ဘာမှ ကန့်ကွက်စရာမရှိဘူး။ ဒါပေမဲ့
ရုပ်ရှင်လောကကြီး ဒီထက်ပိုပြီးတော့ ၀ါးစည်းပြယ်သလို ဟိုတစ်ပေါက်၊
ဒီတစ်ပေါက်ဖြစ်နေရင်တော့ ပိုဆိုး သွားမှာပေါ့။ တိုးတက်အောင် လုပ် နေကြတာပဲ။
အခုမှ အစပျိုးခါစရှိ သေးတယ်၊ ပြဿနာတွေများပြီး အကောင်အထည်က သိပ်မပေါ်
တော့ဘူးဖြစ်နေတယ်"
Popular Journal
No comments:
Post a Comment