Pages

23.8.13

စပါးထက် လက်ဦးမှုယူပြီး ၀ီလျံကို မော်ရင်ဟို ခေါ်ယူမည်

အန်ဇီကွင်းလယ်လူ ၀ီလျံကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကပြောခဲ့ပါတယ်။ ဒီကစားသမားဟာ စပါးကို
ရောက်မယ်လို့သတင်းထွက်နေသလိုပြောင်းရွှေ့ကြေးပေါင်သန်း ၃၀နဲ့ သဘောတူညီမှု ရခဲ့တဲ့အတွက် စပါးမှာ ဆေးစစ်မှုခံယူနေပြီဆိုတဲ့
ဖော်ပြမှုတွေရှိနေပေမယ့် ကစားသမားကိုယ်တိုင်က ချဲလ်ဆီးထံ ပြောင်းဖို့ ဆုံးဖြတ်ပြီးပြီလို့လည်း မော်ရင်ဟိုက ဆိုပါတယ်။



“အရည်အသွေးရှိတဲ့ ကစားသမားတွေ ရောက်လာမယ်ဆိုရင် အသင်းရဲ့အပြောင်းအရွှေ့ဈေးကွက်ကို ဘယ်တော့မှ ပိတ်မှာမဟုတ်ပါဘူး။ ၀ီလျံဟာ ကျွန်တော်တို့အသင်းက ပစ်မှတ်ထားနေတဲ့ နောက်ထပ် တိုက်စစ်ကစားသမား တစ်ယောက်ပါ။ ဒါ့အပြင် သူ့အနေနဲ့ အသင်းပြောင်းဖို့ကိစ္စ ဆုံးဖြတ်ပြီးပြီလို့ ကျွန်တော် ထင်ပါတယ်။ ဘောလုံးလောကမှာ သစ္စာဖောက်တာတွေရှိပြီး အခုချိန်ဟာ ပြောဖို့စောသေးလို့ ကျွန်တော် မပြောချင်သေးပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ ချဲလ်ဆီးကို ပြောင်းလာနိုင်တယ်ဆိုတဲ့ အကြောင်းကိုတော့ ကွယ်ဝှက်ထားလို့မရပါဘူး”လို
မော်ရင်ဟိုက ပြောပါတယ်။

မော်ရင်ဟိုဟာ မန်ယူတိုက်စစ်မှူး ရွန်နီကို ခေါ်ချင်နေပြီး သူ့ကို မခေါ်နိုင်ခဲ့ရင်လည်း အခြားအစီအစဉ်တွေ ရှိတယ်ဆိုတဲ့အကြောင်း ပြောထားတာကြောင့် ၀ီလျံဟာ သူ့အတွက် ဒုတိယအစီအစဉ် ဖြစ်နေပါတယ်။ ၀ီလျံဟာ ရှက်တာဒိုးနက်နဲ့အတူ ခြေစွမ်းပြနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နပါရီလကမှ အန်ဇီကို ရောက်လာခဲ့ပေမယ့် အန်ဇီအသင်းပိုင်ရှင်က အသုံးစရိတ်လျှော့ချချင်တာကြောင့် တစ်ပတ်လုပ်ခ ပေါင် ၈၅၀၀၀ ရနေတဲ့ ၀ီလျံကို ရောင်းထုတ်မှာဖြစ်ပါတယ်။

YoYarLay

No comments:

Post a Comment