The Wanted ဂီတအဖွဲ့မှ ဂျေးမက် ဂီးနက်သည် ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး
သက်သတ်လွတ် စားသည့် အနုပညာရှင် အဖြစ် PETA2 တိရစ္ဆာန် အခွင့်အရေး
လှုပ်ရှားသူများ အဖွဲ့က ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဆံနွယ်ခွေများကို ပိုင်ဆိုင်သူ အသက် ၂၃ နှစ်အရွယ်ရှိ အဆိုတော် ဂျေးက
ဂျက်ရတ် လက်တိုနှင့် ရပ်ဆဲလ်ဘရန့်ထ် တို့ကို ဖြတ်ကျော်၍ အဆိုပါ
ဘွဲ့တံဆိပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
မိသားစု တစ်ခုလုံးသည်
ဘောလုံး ကစားခြင်းကို နှစ်သက်သော်လည်း ငယ်ရွယ်စဉ် ကတည်းက ဂျေးသည် ဘောလုံး
ကစားခြင်းကို မနှစ်သက်ဘဲ ပန်းခြံထဲတွင် ဒေစီပန်းများ၊ ပျစား
ပိုးများနှင့်သာ စကား ပြောနေတတ်သူ ဖြစ်ကြောင်း၊ ၎င်းသည် တိရစ္ဆာန်များကို
ချစ်ခင်တတ်သူ ဖြစ်ကြောင်း ၎င်း၏မိခင် ဖြစ်သူက သားဖြစ်သူ၏ ငယ်ဘ၀ကို
ပြန်လည်ပြောပြ ပေး ခဲ့သည်။
မြ၀တီ
No comments:
Post a Comment