အရက်ကို အလွန်အကျွံ သောက်သုံးလျက်ရှိသော သူများတွင် အများဆုံး
ဖြစ်ပွားတတ်သည့် စိတ် ကစဥ့် ကလျား ရောဂါကို မြန်မာနိုင်ငံ အတွင်း၌ ကုသရန်
လွန်စွာ ခက်ခဲလျက်ရှိကြောင်း စိတ်ရောဂါ ကုသရေး စိတ်ပညာရှင် ဒေါက်တာ
ညီဝင်းမှန်က ပြောကြားခဲ့သည်။
အရက်ကြောင့် ဖြစ်သည့် စိတ်ရောဂါ ဝေဒနာသည် မြန်မာနိုင်ငံတွင်သာမက နည်းပညာ
ဖွံ့ဖြိုးပြီး စက်ပစ္စည်း စုံလင်စွာဖြင့် ကုသနိုင်သည့် နိုင်ငံခြား
တိုင်းပြည်များ၌ပါ ကုသရန် ခက်ခဲကြောင်း သိရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ
၎င်းရောဂါသည် သာမန် စိတ်ရောဂါကုသခြင်းနှင့် မတူဘဲ အရက်ဖြတ်လိုက်ခြင်းကြောင့်
ပြန်ကောင်း သွားနိုင်သော်လည်း စိတ် ဝေဒနာရှင်များတွင် အရက်ကြောင့် ဖြစ်သည့်
စိတ်ရောဂါသည် ကုသရန် ခက်ခဲကြောင်း သိရသည်။
''တစ်ရက်နဲ့ တစ်ရက်
အရက်စွဲ လူနာတွေက များများလာတယ်။ တချို့ မိသားစုတွေက သူတို့ကို ရန်ပြုမယ်
ထင်ပြီး လာစွန့်ပစ်တဲ့ သူတွေလည်း ရှိတယ်။ ပြီးတော့ ဒီဆေးရုံတွေမှာက
ဆရာဝန်လည်း မလုံလောက်သလို ဆေးဝါးလည်း မလုံလောက်ဘူး။ ဒါကြောင့် အစိုးရက
ချပေးတဲ့ ဘတ်ဂျက်အပြင် ပြင်ပ အလှူရှင်တွေရဲ့ အကူအညီနဲ့ လုပ်ဆောင် နေရတယ်။
ငွေပဒေသာပင်နဲ့ ဆေးပဒေသာပင်တွေ စိုက်ထူပြီး လုပ်နေရတယ်'' ဟု စိတ်ကျန်းမာရေး
ဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးကျော်စိုးက ပြောကြားခဲ့သည်။
ထို့ကြောင့် အလုပ် ပင်ပန်းခြင်းကို အကြောင်းပြု၍ အရက် သောက်သုံးခြင်းကို
လျှော့ချရန် လိုအပ်သကဲ့သို့ အရက်ဖြတ်ပြီး လူနာများကိုလည်း အရက်
ပြန်လည်သောက်သုံးမှု မရှိစေရန် အတွက် ပြန်လည်ထူထောင် ရေး၊ ပြန်လည်
နေရာချထားရေး၊ အရက်ကြောင့်ဖြစ်သော ဆိုးကျိုးများကို ပညာပေးနည်း
အမျိုးမျိုးဖြင့် ပြန်လည် ကုစားခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ကြောင်း
သိရသည်။
မြ၀တီ
No comments:
Post a Comment