Guardianနှင့် Telegraph သတင်းစာကြီးများတွင် ဖော်ပြထားချက်အရ ဥရုဂွေး
လက်ရွေးစင် တိုက်စစ်မှူးသည် မိမိအတွက် အာဆင်နယ်က ကမ်းလှမ်းမှုအား
ငြင်းဆန်သည့် လီဗာပူးလ်ကို ဝေဖန်တိုက်ခိုက်မှု များ ပြုလုပ်လိုက်ကြောင်း
သိရှိရ
လီဗာပူးလ် အသင်းအနေဖြင့်
မိမိအပေါ် ထားရှိသည့် ကတိကြွေး မကျေခဲ့ဟု လူးဝစ်ဆွာရက်ဇ်က တိုက်ခိုက်
ပြောကြားလိုက်သည်။ Guardianနှင့် Telegraph သတင်းစာကြီးများတွင်
ဖော်ပြထားချက်အရ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးသည် မိမိအတွက် အာဆင်နယ်က
ကမ်းလှမ်းမှုအား ငြင်းဆန်သည့် လီဗာပူးလ်ကို ဝေဖန်တိုက်ခိုက် မှုများ
ပြုလုပ်လိုက်ကြောင်း သိရှိရသည်။ အာဆင်နယ်သည် ဆွာရက်ဇ်၏ စာချုပ်ပါ
သတ်မှတ်ဈေးနှုန်း စတာလင်ပေါင် သန်း(၄၀)ထက် (၁)ပေါင် ပိုပေးကာ ကစားသမားကို
ကမ်းလှမ်းခဲ့သော်လည်း လီဗာပူးလ် က ငြင်းဆိုခဲ့သည်။ သို့သော်လည်း ယခုအခါ
ဆွာရက်ဇ် ကိုယ်တိုင်က ချန်ပီယံလိဂ် ကစားခွင့်အတွက် လီဗာပူးလ်မှ
ထွက်ခွာလိုကြောင်း ဝန်ခံ ပြောဆိုလာခဲ့သည်။
မနှစ်က ကျွန်တော် ဥရောပ
ထိပ်သီးကလပ် တစ်ခုဆီကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့တယ်။ ဒါပေမဲ့
ကျွန်တော် နားလည်မှု တစ်ခုကြောင့် အသင်းမှာ ဆက်နေခဲ့ပါတယ်။ အသင်းက
ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကြိုးစားမယ်။ တစ်နှစ် ကစားပေးပြီး ဒီအားထုတ်မှု
မအောင်မြင်ရင် ကျွန်တော့်ကို ထွက်ခွာခွင့် ပေးမယ် ဆိုတဲ့ နားလည်မှုပေါ့ဟု
ဆွာရက်ဇ်က ပြောကြားခဲ့သည်။ မနှစ်က ကျွန်တော် အသင်းအတွက် အစွမ်းကုန်
အားထုတ်ပေးခဲ့တယ်။ ဒါပေမဲ့ အမှတ်ပေးဇယား ထိပ်ဆုံး(၄)သင်း နေရာမှာ
ပါဝင်အောင် လုံလောက်မှုတော့ မရှိခဲ့ဘူး။ ခုချိန်မှာတော့ လီဗာပူးလ်က
ကျွန်တော်တို့ကြားက ကတိကဝတ် ကို လေးစား လိုက်နာတာမျိုး ကျွန်တော်
လိုချင်ပါပြီဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဆွာရက်ဇ်က ကျွန်တော့်မှာ အသင်းက ပေးထား တဲ့ နှုတ်ကတိရှိတယ်။ စာချုပ်ပါ သတ်မှတ်ချက်လည်း ရှိတယ်။
လိုအပ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဆီမှာ အဆုံးအဖြတ်
ခံယူရမယ် ဆိုရင်လည်း ကျွန်တော်က အဆင်သင့်ပါပဲ။ အဲဒီအ
ထိတော့ မဖြစ်သွားပါစေနဲ့လို့ မျှော်လင့်တယ်။ ကျွန်တော့် လုပ်
ရပ်ဟာ သစ္စာဖောက်မှုလို့ မခံစားရပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်က
ကျွန်တော် ကတိတစ်ခု ရထားတယ်။ အဲဒီကတိကို အသင်းက လိုက်နာ စောင့်ထိန်းဖို့ပဲ မျှော်လင့်ချင်ပါတယ်ဟုလည်း ဖွင့်ဟခဲ့သည်။
ဆွာရက်ဇ်က ချန်ပီယံလိဂ်တွင် ပါဝင် ကစားလိုသည့် ဆန္ဒကိုလည်း အတည်ပြုခဲ့သည်။
ကျွန်တော့်အသက် (၂၆)နှစ် ရှိပါပြီ။ ချန်ပီယံလိဂ်မှာ ကျွန်တော် ပုံမှန်
ကစားဖို့ လိုအပ်ပါတယ်။ တစ်နှစ်တိုင်တိုင် ကျွန်တော် စောင့်ခဲ့ပြီးပြီ။
အဲဒီအတောအတွင်း ကျွန်တော် လီဗာပူးလ်အတွက် အစွမ်းကုန် မကစားပေးခဲ့ဘူးလို့
ဘယ်သူမှ စွပ်စွဲနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် မန်နေဂျာ ဘရန်ဒန်
ရော့ဂျာနဲ့ အကြိမ်ကြိမ် စကားပြောခဲ့ဖူးတယ်။ တစ်နှစ်ဆက်နေပြီး
ချန်ပီယံလိဂ်မှာ ကစားခွင့် မရရင် ပုဂ္ဂိုလ်ရေး အာမခံချက်နဲ့ အသင်းက
ကျွန်တော်ထွက်ခွာဖို့ သူခွင့်ပြုမယ်လို့ မန်နေဂျာက ပြောထားပြီးသားပါဟုလည်း
ဆွာရက်ဇ်က ပြောဆိုသွားသည်။
Planet Myanmar Network
No comments:
Post a Comment