တွံတေးမြို့နယ်ရှိ ကျေးရွာအုပ်စု ဆယ်ခုမှ အိမ်ခြေ ၁၀၀၀ ကျော်အား စားကျက်
မြေအတွင်း ပါဝင်သည်ဟု ဆိုကာ ဖယ်ရှားခိုင်း ထားကြောင်း သိရသည်။
ယင်းကဲ့သို့ ရွေ့ပြောင်းခိုင်းမှုကို သြဂုတ် ၁၂ ရက်က ကျေးရွာအုပ်စု
ဆယ်ခုရှိ အိမ်ခြေ ၁၀၀၀ ကျော်ထံသို့ ၁၅ ရက်အတွင်း ဖယ်ရှားပေးရန် မြို့နယ်
အုပ်ချုပ်ရေးမှူးရုံးမှ အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ၁၅ ရက်
ပြည့်သော်လည်း ထပ်မံအကြောင်းကြားခြင်း၊ ဖယ်ရှားခိုင်းခြင်း မရှိသေးကြောင်း
သိရသည်။
''ကျွန်တော်တို့ အုပ်စုမှာဆို ရွှေ့ခိုင်းတဲ့ အထဲမှာ
ရွာသုံးရွာပါတယ်။ တစ်အုပ်စုလုံးတော့ မဟုတ်ဘူး။ စားကျက်မြေထဲ ကျူးကျော်တဲ့
ရွာတွေပဲ ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့ အုပ်စုမှာရှိတဲ့ သုံးရွာမှာ
ရွှေ့ပြောင်းရမယ့် အိမ်ခြေက ၂၇၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့က အသနားခံစာတွေ
တင်ထားပါတယ်။ တရားဝင် အကြောင်းပြန်စာ မရှိဘူး။ ဒါပေမဲ့ အကြောင်းကြားတဲ့ရက်
ကျော်သွားပေမယ့် ထပ်ပြီးညွှန်ကြားချက် မလာတော့ဘူး။ ကျွန်တော်တို့
လသာကျေးရွာဆိုရင် နေလာကြတာ နှစ် ၅၀ ကျော် ပါပြီ။ ဖယ်ပေးဖို့လည်း
ဆန္ဒမရှိပါဘူး။ ဖယ်ပေးရရင်လည်း သွားစရာ နေရာမှ မရှိတာ'' ဟု
ဖယ်ရှားခိုင်းသည့် ရွာများတွင် ပါဝင်သည့် ထော်သိုကျေးရွာအုပ်စု၊
လာသာကျေးရွာမှ ဦးစိုးတင့်က ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍
တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ''တွံတေးမြို့နယ်မှာ
စုစုပေါင်း စားကျက်မြေဧက ၃၇၀၀ ကျော်၊ ခွင့်ပြုရမယ့် ဌာနတွေက
ခွင့်ပြုပေးလိုက်တော့ ပယ်ဖျက်ခွင့် ကျသွားတာ ဧက ၁၀၀၀ ကျော်ရှိတယ်။ အဲဒီတော့
အခုလက်ရှိ စားကျက်မြေဆိုပြီး စာရင်းပေါက်တာက ၂၆၈၁ ဧကရှိပါတယ်။
အခုအဲဒီကျေးရွာ ဆယ်အုပ်စုပေါင်းမှာ ရှိတာပေါ့။ ကျွန်တော့်အနေနဲ့
ကျေးရွာအုပ်စု တွေကနေ တင်ပြတာကို ခရိုင်နဲ့တိုင်းကို ဆက်ပြီးတော့
တင်ပြထားပေးပါတယ်။ နှုတ်နဲ့လည်း လူကြီးတွေကို တင်ပြပေးထားတယ်။ ဧက ၂၀၀၀
ကျော်ထဲမှာ လူတွေ နေထိုင်နေတာက နှစ်ဘယ်လောက်ရှိပြီ၊ အိမ်ခြေဘယ်လောက်ရှိပြီ၊
စိုက်ပျိုးထားတဲ့ လယ်က ဘယ်လောက်ရှိပြီ။ သောက်ရေကန်တို့၊ သင်္ချိုင်းတို့က
ဘယ်လောက်ရှိတယ် ဆိုတာကို နှုတ်နဲ့တင်ပြပြီးပြီ။ စာနဲ့လည်း အစီရင်ခံစာရေးပြီး
ရွာတွေက တင်လာတာကို ခရိုင်၊ တိုင်းကို တင်ပေးမှာပါ'' ဟု ဆိုသည်။
စာကျက်မြေ ဧက ၂၆၀၀ ကျော်တွင် အိမ်ခြေ ၁၀၀၀ ကျော်၊ စိုက်ဧက ၂၀၀ ကျော်နှင့် ငါးကန် ဧက ၈၀၀ ခန့်ရှိသည်။
Eleven Media Group
ဖယ်ရှားခိုင်းထားသည့် လသာကျေးရွာအား သြဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမြင့်အောင်)
No comments:
Post a Comment