Pages

11.8.13

ဗီယက်နမ်-အမေရိကန်စစ်ပွဲကို ကြောက်၍ တောထဲတွင် နှစ်၄၀ ကြာပုန်းနေသည့် သားအဖ ပြန်တွေ့

လွန်ခဲ့တဲ့ နှစ် ၄၀ ပတ်ဝန်းကျင်က ဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ်စစ်ပွဲ အတွင်း ဇနီးသည်နဲ့ ကလေးနှစ်ဦး မိုင်းကွဲ သေဆုံးပြီးတဲ့နောက် စစ်ကိုကြောက်ရွံ့ပြီး သားငယ်လေးနဲ့အတူ တောကြီးမျက်မည်းအတွင်း ဝင်ရောက် ပုန်းအောင်းနေခဲ့တဲ့ ဗီယက်နမ် အဘိုးအိုတစ်ဦးနဲ့ သူ့သားတို့ကို ယခုခေတ်တွင် ပြန်လည်တွေ့ရှိခဲ့တဲ့အကြောင်း Sky News သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။


ဟိုဗန်သန်းလို့ အမည်ရတဲ့ ဗီယက်နမ် အမျိုးသားကြီးဟာ ၁၉၇၁ ခုနှစ်မှာ ရွာနေအိမ်က ထွက်ခဲ့ပြီးတော့ တောနက်ထဲကို သားနဲ့ အတူသွားနေခဲ့တာ ဖြစ်ပါတယ်။

ဒီသားအဖဟာ သစ်သီးသစ်ဥတွေ စားပြီး သစ်ပင်ကရတာတွေနဲ့ အရှက်လုံ ရုံဝတ်ဆင်ပြီး နေကြရာကနေ တောနက်ထဲ ထင်းသွားရှာတဲ့လူတွေက မြင်ခဲ့တာကြောင့် အာဏာပိုင်များနဲ့ ဒေသခံတွေက ငါးနာရီကြာ တောနင်းရှာဖွေခဲ့ပြီး သူတို့ကို လူ့အသိုင်းအဝိုင်းဆီ ပြန်လည်ကယ်တင် ခေါ်ဆောင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ တောတွင်းသား သားအဖ နှစ်ယောက်ဟာ ၈၂ နှစ်နဲ့ ၄၁နှစ် အသီးသီး ရှိကြပါပြီ။
အဘိုးအိုဆိုရင် လမ်းတောင် မလျှောက်နိုင်တဲ့အတွက် ထမ်းစင်နဲ့ ဆေးဝါးကုသပေးဖို့ ခေါ်လာရတယ်လို့ သတင်းဓာတ်ပုံတွေအရ သိရပါတယ်။

ဖခင်ဖြစ်သူက ဒေသစကားနည်းနည်း ပြောတတ်ပေမယ့် သားဖြစ်သူကတော့ စကားလုံးတစ်လုံးနှစ်လုံးလောက်သာ သိပါတယ်။

ဒီသားအဖကို ဆရာဝန်တွေက ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးနေပြီး သူတို့ကို လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်လာနိုင်အောင် ဘယ်လိုလုပ်ပေးရမယ်ဆိုတာ စဉ်းစားနေကြပါတယ်။

The Voice Weekly

No comments:

Post a Comment