ကျောင်းသားများ အခွင့်အရေးကို ကာကွယ်ပေးပြီး ကျောင်းသားများနှင့်
ပတ်သက်သော ကိစ္စရပ်များကို ဦးဆောင် ပြုလုပ်ပေးရန် မကွေးဆေးတက္ကသိုလ်
ကျောင်းသား ဝန်ဆောင်မှု စင်တာကို သြဂုတ်လ ၈ ရက်နေ့တွင်
စတင်ဖွင့်လှစ်လိုက်ကြောင်း အဆိုပါတက္ကသိုလ်ထံမှ သိရသည်။
ယင်းစင်တာကို မကွေးဆေးတက္ကသိုလ် အုပ်ချုပ်သူများက တရားဝင်
ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျောင်းသားများနှင့် ပတ်သက်သော ကိစ္စရပ်များကို
ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ ပူးပေါင်း လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း
ယင်းတက္ကသိုလ် တာဝန်ရှိသူများက ဆိုသည်။
“ကျောင်းသားတွေရဲ့
ရုပ်ပိုင်း၊ စိတ်ပိုင်း တိုးတက်အောင် လုပ်ပေးဖို့လိုတယ်။ ကျောင်းသားတွေ
Complaint (အခက်အခဲတင်ပြ) လာရင် ချက်ချင်း ဖြေရှင်းပေးဖို့ လိုတယ်” ဟု
မကွေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုထက်ထက်ဇော်က ဆိုသည်။
ယင်းစင်တာတွင် ကျောင်းသားနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းလုပ်ဆောင်ခွင့်
ရရှိသော်လည်း ကျောင်းသားများ အားလုံးကို ကိုယ်စားပြုမည့် လွတ်လပ်သော
အဖွဲ့အစည်းတစ်ခုအဖြစ် တဖြည်းဖြည်း ဖွဲ့စည်းသွားလိုကြောင်း မြေလတ်ဒေသ
ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် ဖြစ်မြောက်ရေး
ကော်မတီ ဥက္ကဋ္ဌ ကိုခန့်ထူးက မှတ်ချက်ပြုသည်။
ဆေးတက္ကသိုလ် တတိယနှစ်
ကျောင်းသား ကိုကျော်ငြိမ်းအောင်ကမူ ယင်းစင်တာ ဖွင့်လှစ်ပေးခြင်းကြောင့်
ကျောင်းသားများ စုစည်းရန် အခန်းတစ်ခု သီးသန့်ရရှိသည့်အပြင် ယခင်ကထက်
လုပ်ပိုင်ခွင့်များ ရရှိလာမည်ဟု ဆိုသည်။
မကွေးဆေးတက္ကသိုလ်သို့
ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး ရှိ ကျောင်းသားများမှအပ
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ
တက်ရောက်ကြသည်။
The Voice Weekly
No comments:
Post a Comment