စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း ကလေးမြို့တွင် ဩဂုတ် ၁၈ ရက် မှစ၍
မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် နေရဉ္စရာချောင်းနှင့် မြစ် သာ မြစ်တို့
ရေလျှံတက်လာပြီး ကလေးမြို့ ချမ်းမြေ့ အောင်စည်၊ အောင်မြေ မာန်၊ အောင်မင်္ဂလာ၊
ညောင်ပင်သာရပ်ကွက် အနိမ့်ပိုင်းနေရာ များနှင့် ပြင်သာ၊ ကျီကုန်း၊ ဖောင်ကူး၊
တောင်အူ ကျေးရွာများရှိ အနိမ့်ပိုင်းေ နရာ နေအိမ် များနှ င့် လယ်ယာမြေများတွင် ရေလျှံမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရေလျှံသည့် ရပ်ကွက် များနှင့် ကျေးရွာများမှ ရေဘေးသင့်
ပြည်သူများသည် ဩဂုတ် ၂၂ရက် အထိ အိမ်ထောင်စု ၂၆၇ စုမှ လူဦးရေ ၁၂၈၀ တို့အား
ဩဂုတ် ၂၀ ရက်မှစ၍ နယ်မြေခံတပ်မှ တပ်ရင်းတပ်ဖွဲ့ များ၊ ခရိုင်၊
မြို့နယ်ဌာနဆိုင်ရာများ၊ စီမံ ခန့်ခွဲမှုကော်မတီများနှင့် အထောက်
အကူပြုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ရပ်ကွက်စီမံခန့်ခွဲမှု
ကော်မတီများ က ရေဘေးသင့် အိမ်ထောင်စုဝင်များအား အောင်မင်္ဂ လာဇာတ်ရုံ၊
စကားလှဘုရားဓမ္မာရုံနှင့် အမှတ်(၁၅) အခြေခံပညာမူလတန်း ကျောင်းနှင့်
ကျီကုန်းကျေးရွာ ဘုန်းကြီးကျောင်းများ တွင် အချိန်မီ
ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။
ရေဘေးသင့်ပြည်သူများအား ခရိုင်၊ မြို့နယ်၊ ရပ်ကွက်စီမံခန့်ခွဲမှုကော်မတီ
များ၏ ကြီးကြပ်မှုဖြင့် ပြည်သူများက ထမင်းထုပ်များ ပေးပို့ခြင်း၊ သောက်
ရေသန့်များ ဝေငှခြင်း၊ ကျန်းမာရေး ဆိုင်ရာ လိုအပ်သည်များ ပြုစုစောင့်
ရှောက်ခြင်း၊ နေထိုင်စားသောက်ရေး၊ စည်းကမ်းသေဝပ်ရေး၊ လျှပ်စစ်မီး
ရရှိရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ ပြီး ဌာနဆိုင်ရာများက လည်း ဆန်အိတ်
များ လှူဒါန်းကြကြောင်း သိရသည်။
(ဂျူနိုင်း)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment