စက်ရုံမှ ဩဂုတ် ၁ရ ရက် အလုပ်ပြီးချိန်တွင် အလုပ်ရုံပိတ် လိုက်သည်ဟု အလုပ်သမားများ အားပြောဆိုခဲ့ကာ အလုပ်နားခိုင်း လိုက်ခြင်းဖြစ်သည်ဟုသိရသည်။
အလုပ်သမားအများစုမှ ရုတ်တရက်အလုပ်မှ ရပ်နားခံလိုက် ရခြင်းကြောင့် အလုပ်သမားများ ကိုကူညီပေးနေသည့် ဘန်ကောက်၊ မဲဆောက်နှင့် ရန်ကုန် အခြေစိုက် FTUM အဖွဲ့နှင့် ဘန်ကောက်အ ခြေစိုက် BAT (Burmese Ass-ociation Thailand) အဖွဲ့သို့အ ကူအညီတောင်းခဲ့ကြောင်း ဦးကျော် မြင့်က ပြောသည်။
ဖြေရှင်းပေးနိုင်ရန် မြန်မာ အလုပ်သမား ၃၀ ကျော်က အကူ အညီတောင်းခံခဲ့ပြီး ယင်းအဖွဲ့ နှစ်ဖွဲ့မှ လိုအပ်သည့် စာရွက်စာ တမ်းများနှင့် အထောက်အထား များကိုပြင်ဆင်ကာ ထိုင်းအလုပ် သမားကာကွယ်ရေးဌာန မြန်မာ သံရုံးနှင့် ညှိနှိုင်းလုပ်ဆောင်ခဲ့သည် ဟု သိရသည်။
ပထမအဆင့်အနေဖြင့် ထိုင်း အလုပ်သမား ကာကွယ်ရေးဌာန သို့ သွားရောက်တင်ပြရာတိုင်ကြား သည့် အလုပ်သမား ၃၂ ဦးကို ယာယီအလုပ်နားသည့် ငါးရက်စာ အတွက် အခကြေးငွေတစ်ဦးလျှင် ဘတ် ၁၅၀၀ (ကျပ် ၄၀၀၀၀)ခန့် ပြန်လည်ရရှိသည်ဟု ဦးကျော် မြင့်ကဆိုသည်။
ညှိနှိုင်းမှုကြောင့် အနားပေး ခဲ့သည့် အလုပ်သမား ၁၀၀ အား လုံးကို အလုပ်ပြန်ခန့်မည်ဟုဆို သော်လည်း မည်သည့်အချိန်တွင် ပြန်ခန့်မည်ကို မသိရသေးပေ။
အဆိုပါစက်ရုံသည် ငါး သေတ္တာဘူး ထုတ်လုပ်သည့်စက် ရုံသို့ ဆက်လက်ပို့ဆောင်ရန် ငါး သန့်စင်သည့် အလုပ်ရုံဖြစ်ပြီး ယင်း စက်ရုံသည် အခြားဒေသသို့ ပြောင်း ရွှေ့သွားရန်စီစဉ်နေသည်ဟု သိရ သည်။
အလုပ်သမားတချို့မှာ နေ ရာပြောင်းရွှေ့လိုက်ပါ လုပ်ကိုင် သွားရန် ဆန္ဒရှိမည်မဟုတ်ကြောင်း ဦးကျော်မြင့်က မှတ်ချက်ပေးသည်။
အလုပ်သမားအများစုသည် ၎င်းအလုပ်ရုံသို့ဝင်လုပ်နိုင်ရ
စက်ရုံတွင်လုပ်ကိုင်သူ အ လုပ်သမားတချို့မှာ လုပ်သက် လေးနှစ်ခန့် ရှိပြီး လူမှုဖူလုံရေး ကျန်းမာရေး အာမခံကတ်ပြားများ လည်း ရှိထားကြောင်းသိရသည်။
Yangon Media Group
No comments:
Post a Comment