CNG ဈေးနှုန်းကိုသင့်တင့် မျှတသော ဈေးနှုန်းများအဖြစ် တိုး မြှင့် ရောင်းချသွားမှာ ဖြစ်ကြောင်းနှင့် အဆိုပါ တိုးမြှင့်မှုကို ချမှတ်ခဲ့ပါက လည်း အများ ပြည်သူလူထုအား ကြိုတင်၍ အသိပေး သတင်းထုတ် ပြန်သွားမှာဖြစ်ကြောင်း စွမ်းအင်ဝန် ကြီးဌာနမှ သတင်းရရှိသည်။
ယခင်ကတည်းက CNG သုံး Taxi မော်တော်ယာဉ်များအတွက် CNG ဈေးနှုန်းကို တိုးမြှင့်ရောင်းချရန် စီမံခဲ့ပြီး ယခုအခါတွင်ွှ Taxi သုံး CNG ဈေးကို တိုးမြှင့်ရောင်းချသွား နိုင်ရန်အတွက် နည်းပညာဆိုင်ရာ ကိစ္စရပ်များကို စိစစ်မှုများပြုလုပ်နေ ကြောင်း သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာနသည် ယခင်ကတည်းက CNG အသုံးပြု မော်တော်ယာဉ်များကို CNG ရောင်း ချခဲ့ရာတွင် ပြည်ပဓါတ်ဆီဈေးနှုန်း၊ ဒီဇယ်ဆီဈေးနှုန်း ပေါက်ဈေးများ ထက်ချိုသာပြီး သက်သာသည့် ဈေး နှုန်းများဖြင့် အစဉ်အဆက်ရောင်းချ မှုပြုခဲ့ကြောင်း၊ ထို့အပြင် စက်သုံးဆီ (၁) ဂါလန်ကို ကျပ်(၁၅၀၀)မှ ယခု လက်ရှိ ရောင်းဈေး (၃၈၀၀)တိုးမြှင့် ရောင်းချလာခဲ့သော်လည်း စက်သုံးဆီ (၁)ဂါလန်နှင့် အချိုးညီမျှသော CNG ၁၆၅ ကုဗပေကို ၁၀၀၀ကျပ်ဖြင့်သာ ရောင်းချမှုပြုခဲ့ကြောင်းနှင
Auto World Journal
No comments:
Post a Comment