သုတေသီတစ်ဦးက Facebook အားနည်းချက်နှင့် ပတ်သက်ပြီး Mark Zuckergeg ၏ wall ပေါ်သို့ အကြောင်းကြားခဲ့
အိုင်တီပညာရှင် တစ်ဦးက နာမည်ကျော်လူမှုရေးကွန်ရက် အမှုဆောင်အရာရှိချုပ်ဖြစ်သူ၏
timeline ပေါ်၌ Facebook လုံခြုံရေးအားနည်းချက် တစ်ခုကို တင်ကာ
၎င်းရှာဖွေတွေ့ရှိခဲ့သည့် အားနည်းချက်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း
သိရသည်။
ပါလက်စတိုင်း
အိုင်တီပညာရှင်တစ်ဦး ရှာဖွေတွေ့ရှိခဲ့သည့် Facebook
လုံခြုံရေးအားနည်းချက်သည် လူမှုရေးကွန်ရက်တွင် သူငယ်ချင်းဖြစ်စရာမလိုဘဲ
အခြားသူများ၏ wall ပေါ်၌ မည်သူမဆို post များ တင်ထားနိုင်သည့်
အားနည်းချက်ဖြစ်သည်။
၎င်းရှာဖွေတွေ့ရှိခဲ့သည့် Facebook လုံခြုံရေးအားနည်းချက်နှင့်
ပတ်သက်၍ လူမှုရေးကွန်ရက် လုံခြုံရေးအဖွဲ့မှ လစ်လျူရှုခဲ့သောကြောင့် Mark
Zuckerberg ၏ Facebook စာမျက်နှာတွင် တင်ခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ
အိုင်တီပညာရှင်က ပြောကြားခဲ့သည်။
Ref: CNET
Internet Journal
No comments:
Post a Comment