Microsoft ကုမ္ပဏီထုတ် Windows RT တက်ဘလက်များကို ၂၉၉ ဒေါ်လာဖြင့်
ရောင်းချမည်ဆို သည့် ကြေညာချက်များ ထွက်ပေါ်ပြီးနောက် ပြိုင်ဘက် Dell
ကုမ္ပဏီကလည်း ကီးဘုတ် အပါအဝင် တက်ဘလက်ကို ၄၇၉ ဒေါ်လာဖြင့် ရောင်းချမည်
ဖြစ်ကြောင်း Dell ကုမ္ပဏီ Website တွင် ထုတ်ပြန် ကြေညာထားသည်။
Windows RT တက်ဘလက်များကို ၂၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဟု ပြော ထားသော်လည်း
ထိုဈေးနှုန်းမှာ ကီးဘုတ်မပါ တက်ဘလက်ဈေး သက်သက်သာ ဖြစ်ပြီး Dell က
ယခုထုတ်မည့် XPS 10 တက်ဘလက်သည် ကီးဘုတ် အပါအဝင် laptop ကဲ့သို့ပါ
သုံးနိုင်မည့် နှစ်မျိုးတွဲ ဈေးနှုန်း ဖြစ် သည်။
လာမည့်
အောက်တိုဘာလအတွင်း ထွက်လာမည့် XPS 10 တက်ဘလက် များသည် laptop နှင့်
အလားသဏ္ဌာန် တူသော်လည်း တက်ဘလက် အနေနှင့် ဖြုတ်ပြီး သီးခြား သုံးနိုင်မည်
ဖြစ်သည်။
ယခုထုတ်မည့် XPS 10 ကို 32GB နှင့် 64GB နှစ်မျိုး
ခွဲထုတ်မည် ဖြစ် ပြီး နှစ်မျိုးစလုံးမှာ ဈေးအတူတူ ဖြစ်လိမ့်မည်ဟု
ဆိုထားသည်။ သို့သော် 64GB LTE Version မှာမူ ၅၇၉ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။
ပါဝင်သည့် ဟာ့ဒ်ဝဲများမှာ ပရိုဆက်ဆာ အနေနှင့် 1.5GHz Qualcomm Snapdragon
S4 ဖြစ်ပြီး မြင်ကွင်း ၁၀ ဒသမ ၁ လက်မ ရှိမည် ဖြစ်သည်။ Resolution အနေဖြင့်
1366 × 768 အထိ ရနိုင်မည် ဖြစ်သည်။
တက်ဘလက်နှင့် laptop
နှစ်မျိုးသုံး ပစ္စည်းများတွင် အဓိကကျသည့် အပိုင်းမှာ ကီးဘုတ်များဖြစ်ပြီး
Dell က ယခုကဲ့သို့ ကီးဘုတ် အပါအဝင် ဈေးလျှော့ ရောင်းခြင်းနှင့် ပတ်သက်ပြီး
မည်သည့် အချက်ကြောင့်ဟု အကြောင်းပြထားခြင်း မရှိပေ။
Microsoft
ကလည်း Windows 8.1 RT ကို လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်မည်ဟု
ကြေညာထားသည်။ Dell အနေနှင့် ယခင်က Windows RT များကို ထုတ်ခဲ့သော်လည်း
ဆက်လက်ပြီး Microsoft နှင့် ပူးပေါင်း ဆောင်ရွက်ကာ လုပ်ငန်းများ
ဆောင်ရွက်သွားမည်ဟု နည်းပညာ ပစ္စည်းများ ထုတ်လုပ်မှုဌာန ဥက္ကဋ္ဌ ရော်ဂျာကေးက
ဆိုသည်။
The Voice Weekly
No comments:
Post a Comment