X-Menနှင့် ဆက်စပ် ဇာတ်ကားများတွင် Wolverine အနေဖြင့် (၇)ကြိမ်
သရုပ်ဆောင်ခဲ့သည့်နောက် ဂျက်မန်းနှင့် အဆိုပါ ဇာတ်ရုပ်သည် ခွဲခြားရှုမြင်ရန်
ခက်ခဲလွန်းသည့် အခြေအနေမျိုး ဖြစ်လာ
Wolverine ဇာတ်ရုပ်တွင် ဆက်လက် သရုပ်ဆောင်ရန်အတွက်
ဟုဂ်ျဂျက်မန်းအနေဖြင့်
ဒေါ်လာ သန်း(၁၀၀)တန် ကမ်းလှမ်းမှုမျိုး ရရှိထားကြောင်း သတင်းများ
ထွက်ပေါ်လာသည်။ X-Menနှင့် ဆက်စပ် ဇာတ်ကားများတွင် Wolverine အနေဖြင့်
(၇)ကြိမ် သရုပ်ဆောင်ခဲ့ သည့်နောက် ဂျက်မန်းနှင့် အဆိုပါ ဇာတ်ရုပ်သည်
ခွဲခြားရှုမြင်ရန် ခက်ခဲလွန်းသည့် အခြေအနေမျိုး ဖြစ်လာသည်။ X-Men၊ X-Men 2၊
X-Men: The Last Stand၊ X-Men Origins: Wolverine၊ X-Men: First Class၊ The
Wolverine ဇာတ်ကားများအပြင် ဆက်လက် ထွက်ရှိလာမည့် X-Men: Days of Future
Pastတွင်ပါ ဂျက်မန်း အနေဖြင့် Wolverineအဖြစ် ပါဝင်ထားပြီး ဖြစ်သည်။
ထို့နောက် ယင်းဇာတ်ရုပ်အတွက် နောက်ထပ် စာချုပ်ရန် Fox ကုမ္ပဏီက ဂျက်မန်းကို
သရုပ်ဆောင်ကြေး အများအပြားဖြင့် ကမ်းလှမ်းခဲ့ခြင်းဟု သိရသည်။ လက်ထိပ်မှ
သံမဏိ စူးချွန်ကြီးများ ထွက်ပေါ်လာတတ်သည့် သိပ္ပံလူစွမ်းကောင်းအဖြစ် ဆက်လက်
သရုပ်ဆောင်ပေးရန် ဂျက်မန်းကို ပရိုဂျူဆာများက ကမ်းလှမ်းထားကြောင်း နီးစပ်သူ
တစ်ဦးက National Enquireသို့ ပြောကြားခဲ့သည်။ Foxသည် ဇာတ်ကားသစ်
(၄)ခုအတွက် ဒေါ်လာ (၂၅)သန်း ပေးချေရန် ဂျက်မန်းကို အဆိုပြုထားပြီး
ရုပ်ရှင်မင်းသားဘက်မှ စဉ်းစားနေဆဲဟုလည်း သိရသည်။ ဂျက်မန်းအနေဖြင့် အဆိုပါ
စာချုပ်အရ ဇာတ်ကားတိုင်းတွင် အဓိက ဇာတ်ဆောင်နေရာမှ ပါဝင်ရဖွယ်လည်း
ရှိနေသည်။
X-Men: First Class ဇာတ်ကားတွင် ၎င်းသည် (၂၅)စက္ကန့်စာ
အခန်းတိုလေးသာ ပါဝင်ပေးခဲ့သည်။ ဂျက်မန်းအနေဖြင့်မူ Fox၏ ကမ်းလှမ်းမှုကို
အချိန်ယူ သုံးသပ်ဖွယ် ရှိနေကြောင်းလည်း နီးစပ်သူများက ဆိုသည်။ ၎င်း၏ မိတ်ဆွေ
တစ်ဦးက "ရုပ်ရှင်မင်းသား တစ်ယောက်အတွက် ဒီလို ကမ်းလှမ်းမှုမျိုး
ရလာဖို့ဆိုတာ အမြဲတမ်း လွယ်ကူနေမှာ မဟုတ်ဘူး။ တစ်ဖက်မှာလည်း ဂျက်မန်းက
ဇာတ်ရုပ်တစ်ခုနဲ့တင် သူ့ကိုယ်သူ ပိတ်မိနေတာမျိုး
မဖြစ်စေချင်ဘူးလေ"ဟု မှတ်ချက်ပြုခဲ့သည်။ ယခုကိစ္စအတွက် ဂျက်မန်း၏
ကိုယ်စားလှယ်များက တစ်စုံတစ်ရာ မှတ်ချက်ပေးမှုမျိုး မရှိသေးကြောင်းလည်း
သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment