Windows Phone Storeမှာတော့ YouTube Appရောက်ရှိလို့ လာပါပြီ။ Microsoftက
ထုတ်လုပ်လိုက်တဲ့ အဆိုပါ အခမဲ့Appမှာ Windows Specific Featuresတွေဖြစ်တဲ့
Pin Videos, Playlists, Channels & Search Queriesစတာတွေ ပါဝင်လာပါတယ်။
ဒါ့အပြင် Windowsရဲ့ “Kid’s Corner”
Featureကိုလည်း ထောက်ပံ့ပေးထားပြီး
အဆိုပါ Cornerဟာ သင့်ကလေးတွေအတွက် အသက်ရွယ်အလိုက် Videoတွေ
စီစဉ်ထားပေးတဲ့ Featureတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိ iOSနဲ့ Androidတွေမှာ
သုံးနေတဲ့ YouTube Appနဲ့ ဆင်တူပြီး Playlistတွေ စီစဉ်တာ၊ Uploadလုပ်တာနဲ့
Profile Manageလုပ်တာ၊ ဗီဒီယို၊ Channelနဲ့ Playlistတွေရှာတာ
တွေကိုလုပ်နိုင်တဲ့ အပြင် Emailတွေ၊ Social Mediaတွေနဲ့လည်း ဗီဒီယိုတွေ
ဝေမျှနိုင်ပါတယ်။
ကဲ… မြန်မာအိုင်စီတီ ပရိသတ်ကြီးထဲက Widows
Phoneသုံးတဲ့သူတွေ ဒီလောက် အသုံးဝင်လှတဲ့ YouTube Appလေးကို ဒေါင်းလုဒ်ရယူ
သုံးစွဲလိုက်ပါဦး။
Myanmar ICT
No comments:
Post a Comment