ကားငယ်များသည် လော်ရီကားကြီး များအောက် ရောက်နေသလို လူအ ချို့
မြေပြင်ပေါ်လဲကျနေ သည့် မြင်ကွင်းသည် ခြောက်ခြား စရာ ကောင်းလွန်းကြောင်း
ယာဉ်မောင်း တစ်ဦးဖြစ်သည့် မာတင်စတမ်မာက ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံ၊ ကန့်ဒေသတွင် မော်တော်ယာဉ် အစင်းပေါင်း (၁၃၀)မျှ ဆင့်တိုက်ခဲ့ခြင်းကြောင့် လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာများ ရရှိခဲ့သည်။
A249 လမ်းဖြတ် နေရာတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုအတွင်း ဒဏ်ရာရခဲ့
သူများအနက် (၈)ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ အရေးပေါ်
တင်ပို့ခဲ့ရသည်။ ကြာသပတေးနေ့က ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် လူ(၂၀၀)ခန့်
ဒဏ်ရာရခဲ့ကြောင်း အစောပိုင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင်
ရဲများက ယင်းအရေအတွက်မျှ မရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ကိုယ်ပိုင်ကားများ၊ ကုန်တင်ကားကြီးများနှင့် အပါအဝင် မော်တော်ကားပေါင်း
အစင်း(၁၀၀)ကျော် ဆင့်ကဲတိုက်မိမှုသည် အချိန် (၁၀)မိနစ်မျှ ကြာနေခဲ့ကြောင်း
သတင်းအချို့က ရေးသားခဲ့သေးသည်။
ကားငယ်များသည်
လော်ရီကားကြီးများအောက် ရောက်နေသလို လူအချို့ မြေပြင်ပေါ်လဲကျနေသည့်
မြင်ကွင်းသည် ခြောက်ခြားစရာ ကောင်းလွန်းကြောင်း ယာဉ်မောင်း တစ်ဦးဖြစ်သည့်
မာတင်စတမ်မာ က ပြောကြားခဲ့သည်။ ရာသီဥတု အခြေအနေကြောင့် မော်တော်ကားများ သည်
ရှေ့သို့ (၁၀)ကိုက်မှ ကိုက်(၂၀)ထက် ပိုမြင်နိုင်စွမ်း မရှိခြင်းကလည်း
ဆိုးရွားသည့် ယာဉ်တိုက်မှုကို တွန်းအားပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အပြင်ဘက်
လမ်းမှ ပတ်သွားသည့် ကား(၅)စင်းသည်လည်း အချင်းချင်း ဆင့်တိုက်ခဲ့ကြသေးသည်။
"မမြင်မစမ်းနဲ့ ဆင့်တိုက်ကြတာ (၁၀)မိနစ်လောက်ထိ ကြာတယ်။ ကျွန်တော်တို့
ကားချင်းဆင့်တိုက်တဲ့ အသံတွေကို ကြားနေရ တယ်။ လော်ရီကားကြီးတွေလည်း
မှောက်ကုန်တယ်"ဟု စတမ်မာက ပြောဆိုခဲ့သည်။ ၎င်းက မိမိနှင့် သားဖြစ်သူတို့သည်
နောက်ဘက်သို့ ပြန်လှည့်ပြေးကာ ကားများထဲမှထွက်ပြီး တိမ်းရှောင်ရန်
လိုက်လံအော်ဟစ် သတိပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ "တော်တော်ကြာတော့
အမျိုးသမီးကြီးတစ်ယောက် ငိုယိုရင်း လာပြောတယ်။ ကျေးဇူးတင်ပါတယ်။
မင်းတို့က ငါ့အသက်ကို ကယ်လိုက်တာပဲလို့လည်း ပြောသေးတယ်"ဟု စတမ်မာက ဆိုသည်။
၎င်းက ဒဏ်ရာရသူ အများအပြား တွေ့ခဲ့ရသော် လည်း သေဆုံးသူ မရှိခဲ့ဟုလည်း ဆိုသည်။
ယာဉ်တိုက်မှု ဖြစ်ပွားချိန် တွင် မြူနှင်းများ ထူထပ်စွာ ကျဆင်းနေခဲ့ကြောင်း
ကယ်ဆယ်ရေးများ က ပြောကြားခဲ့သည်။ ယာဉ်အချို့ထဲတွင် လူအများအပြားမှာ
မထွက်နိုင်သေးဘဲ ရှိနေပြီး ၎င်းတို့ကို ဦးစွာ ဖယ်ထုတ်ပေးခဲ့ရကြောင်း
သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment