အာဆင်နယ် အသင်းသည် မန်ယူ တိုက်စစ်မှူး ၀ိန်းရွန်းနီအား ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် မျက်စိကျ လျက်ရှိသောကြောင့် ဇန်န၀ါရီ
အပြောင်းအရွှေ့ ကာလ ပြန်လည် ဖွင့်လှစ်သည့် အခါတွင် ၎င်းတို့ အနေဖြင့် ငွေကြေး
အမြောက်အမြား သုံးစွဲ၍ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ရန် စိတ်အား ထက်သန်
လျက်ရှိကြောင်း Daily Mail တွင် ဖော်ပြထားသည်။
ရွန်းနီသည်
လက်ရှိတွင်မန်ယူ၌ ဆက်လက် ကစား နိုင်ရေးအတွက် အသင်းမှ ထွက်ခွာရန်
အခွင့်အရေးအား ငြင်းဆိုခဲ့ဟန် ရှိသော်လည်း အိုးထရက်ဖို့ဒ်၌ ၎င်း၏ အနာဂတ်နှင့်
ပတ်သက် ၍ သံသယ ဖြစ်ဖွယ် အချို့ ရှိနေခြင်းကြောင့် နွေရာသီ အပြောင်းအရွှေ့
ကာလက ချယ်လ်ဆီး ကလည်း ၎င်းအား ခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ် ခဲ့သေးသည်။
အာဆင်နယ်သည် ရွန်းနီအား ခေါ်ယူရေးကို ဆက်လက် ဆန္ဒရှိနေဆဲ ဖြစ်ပြီး ယခု
အခါတွင် ၎င်းကစားသမား အနေဖြင့် အမ်းမရိတ်ကွင်း၌ ကစားနိုင်မည့် အနေအထားမျိုး
ဖြစ်လာအောင်
အကောင်းဆုံး ငွေကြေး သုံးစွဲမှု မျိုးဖြင့် စည်းရုံး သိမ်းသွင်းရန် နည်းပြ အာစင်ဝင်းဂါးက စီစဉ် လျက်ရှိကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment