Pages

20.9.13

မက္ကစီကိုတွင် ရေကြီးမှုနှင့်အတူ လမ်းပေါ်သို့ မိကျောင်းရောက်လာ

မက္ကစီကို နိုင်ငံတွင် မုန်တိုင်းများ တိုက်ခတ်ပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့
သည့်နောက် လူနေရပ်ကွက်ထဲ မိကျောင်းတစ်ကောင် ရောက်လာခဲ့ကြောင်း သိရှိရသည်။ အပူပိုင်းမုန်တိုင်း မန်နျူရယ်လ်၏ ပြင်းထန်သော တိုက်ခတ်မှုများကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ အကာပူလ်ကိုမြို့ရှိ လမ်းများပေါ်တွင် လှည့်လည် သွားလာနေသည့် မိကျောင်းကို တွေ့ရှိရခြင်း ဖြစ်သည်။ ၎င်းသည် မြစ်ရေလျှံမှုများနှင့်အတူ ပါလာပြီး လမ်းများပေါ် လျှောက်သွားနေခြင်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ပြောကြားခဲ့သည်။



မုန်တိုင်းဒဏ်ကြောင့် မက္ကစီကိုရှိ မြို့ကြီးများတွင် လမ်းနှင့် တံတားများ၊ အဆောက်အအုံများ ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ အကာပူလ်ကိုတွင် ကျူးကျော်လာသော မိကျောင်းသည် ရိုင်းစိုင်းကြမ်းကြုတ်ပြီး ၎င်း၏ အမြီးကို ရမ်းခါနေသဖြင့် လူအများ ကြောက်လန့်နေသည်ကို တွေ့ရသည်။ မန်နျူရယ်လ်သည် ဟာရီကိန်းအဆင့်ထိ ရောက်ရှိလာပြီးနောက် ကမ်းရိုးတန်းအတိုင်း မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့သည်။ မုန်တိုင်းကြောင့် အနည်းဆုံး လူ(၈၀)မျှ သေဆုံးပြီး (၅၈)ဦးထက်မနည်း
ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဆိုသည်။

အကာပူလ်ကို လေဆိပ်တွင် ကြာသပတေးနေ့က ပြည်ပလေကြောင်း ခရီးစဉ် (၄၉)ခု ပြန်လည် ပျံသန်းခဲ့သော်လည်း ခရီးသည် (၅၅၀၀၀)မျှ သောင်တင်နေ
ခဲ့ကြာင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment